Main menu

Background

ဟောင်ကောင်ပြင်ပမှာ ယွမ်ငွေကြေးနဲ့ ငွေပေးငွေယူရှင်းလင်းတဲ့ ထိပ်တန်းစင်တာတစ်ခုအဖြစ် စင်ကာပူကထိန်းသိမ်း

Thu, 05/08/2014 - 09:43 -- ydnar

 

တရုတ်ပြည်မကြီးနဲ့ ဟောင် ကောင်အထူးအုပ်ချုပ်ရေးဒေသပြင်ပမှာ တရုတ်ငွေကြေး ရင်မင်ဘီနဲ့ ငွေကြေး ရှင်းလင်းရေး ထိပ်တန်းဗဟိုဌာနအဖြစ် သူ့ရဲ့အနေအထားကို စင်ကာပူနိုင်ငံကမတ်လအတွင်းက ထိန်းသိမ်းထား ခဲ့ကြောင်း ရှင်ဝှာ ဝက်ဘ်ဆိုက်သတင်းမှာဖော်ပြထားပါတယ်။

လန်ဒန်ကို ကျော်တက်ပြီး ယခုလိုထိန်းသိမ်းထား နိုင်တာဟာ ဒုတိယမြောက် လဖြစ်တယ်လို့ ဧပြီ ၂၈ရက်မှာကမ္ဘာတစ်ဝန်း ဘဏ်အချင်းချင်း တယ်လီကွန်ဆက် သွယ်ရေးအသင်း(SWIFT) ကထုတ် ပြန် တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထား ပါတယ်။
နှစ်အလိုက်အခြေခံနဲ့ တွက်ရင် စင်ကာပူနိုင်ငံရဲ့ ရင်မင်ဘီနဲ့ပေးချေမှုက မတ်လက ၃၇၅ ရာခိုင်နှုန်းတိုးတက်ခဲ့ တယ်လို့(SWIFT)ကပြောပါတယ်။ စင်ကာပူရဲ့ပေးချေမှုက ရင်မင်ဘီနဲ့ ကမ္ဘာ့ပေးချေမှုရဲ့ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိပြီး ၅ ဒသမ ၉ ရာခိုင်နှုန်းရှိတဲ့လန်ဒန် ရဲ့ရှေ့မှာရှိနေပါတယ်။ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ဒေသက ထိပ်တန်း ရှင်းလင်းရေး စင်တာအဖြစ် ဆက်လက် တည်ရှိနေပါတယ်။ မတ်လအတွင်းမှာ ဟောင်ကောင်ဒေသကတစ်ဆင့် ရင်မင် ဘီနဲ့ ငွေပေးချေမှု က ရင်မင်ဘီနဲ့စုစု ပေါင်းငွေပေးချေမှုှုရဲ့ ၇၂ ဒသမ ၄ ရာ ခိုင်နှုန်းရှိပါတယ်။

 

၂၀၁၂ ခုနှစ်ဇွန်လက လန်ဒန်က စင်ကာပူကိုကျော်လွန်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင်လန်ဒန်ရဲ့ တိုးတက် မှုနှုန်းက ၂၀၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်ဖေဖော်ဝါရီကဆပြီးလန်ဒန်ကစင်ကာပူရဲ့နောက်ကို ကျဆင်းရောက်ရှိ သွားတယ်လို့ (SWIFT) မှာဖော်ပြထားပါတယ်။
စင်ကာပူမှာ ရင်မင်ဘီ (ယွမ်ငွေ ကြေး) ဖြင့်ငွေကြေးရှင်းလင်းတဲ့ဘဏ် အဖြစ် ICBC Singapore   ဘဏ်ကို ယခင်နှစ်ဖေဖော်ဝါရီကခန့်အပ်ခဲ့ပါတယ်။