Main menu

Background

စီးပွားရေးသတင်းတိုများ

Thu, 07/31/2014 - 08:44 -- ydnar

ဝါရှင်တန်

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဂျွန်ကယ်ရီဟာ လာမယ့်ဇူလိုင် ၃ရက်နေ့မှာ ပÍ္စမအကြိမ်မြောက် အမေရိကန်-အိန္ဒိယ မဟာဗျူဟာ ဆွေးနွေးပွဲသို့တက်ရောက်ရန် အိန္ဒိယ နိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း၊ ဝန်ကြီးနဲ့ အတူအမေရိကန်စီးပွားရေး နဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပဲနီပရစ်ဇကာလည်းလိုက်ပါမည်ဖြစ် ကြောင်း၊

အဆိုပါတွေ့ဆုံပွဲမှအိန္ဒိယ နိုင်ငံ နဲ့ကုန် သွယ်ေ ရးဆက်ဆံမှုများကိုမြှင့်တင်နိုင်မည်ဟုယူဆကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ကြေညာချက်ကိုအေအက်ဖ်ပီ သတင်း  တွင်ဇူလိုင်၂၄ရက်ကဖော်ပြပါတယ်။
တိုကျို
ရောင်းခွန်မြင့်တက်မှုနဲ့ လျှပ်စစ် ဓာတ်အားခများမြင့်တက်တဲ့အတွက် ဂျပန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း က ဇွန်လမှာ
နှစ်အလိုက် အခြေခံနဲ့ တွက်ချက်ပါက၃ဒသမ၃ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ဒါပေမဲ့ယခင်လနဲ နှိုင်းယှဉ်ပါကအနည်းငယ် ကျဆင်းခဲ့ ကြောင်းဇူလိုင်၂၅ရက်မှာအစိုးရကထုတ် ပြန်တဲ့ ကိန်းဂဏန်းအချက်အလက် တွေ မှာတွေ့ရတယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြထားပါတယ်။
စင်ကာပူ
စင်ကာပူနိုင်ငံရဲ့ ပုဂ္ဂလိကလူနေ အိမ်ဈေးနှုန်းများမှာ ယခင်သုံးပတ်က ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ရာ မှ၂၀၁၄ခုနှစ်
ဒုတိယသုံးလပတ်တွင် ၁ဒသမ၃ရာခိုင်နှုန်းကျဆင်းခဲ့တဲ့အတွက် တတိယသုံးလပတ်မြောက်ဆက်တိုက် ကျဆင်း ခဲ့ခြင်းြ ဖစ်ေ ကြာင်း ဇူလိုင် ၂၅ရက် က စင်ကာပူနိုင်ငံ မြို့ပြပြန် လည်ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင် အဖွဲ့ကကြေညာချက်ထုတ်ပြန်ခဲ့ တယ် လို့ ရှင်ဝှာသတင်းဝက်ဘ်ဆိုက် တွင် ဖော်ပြထားပါတယ်။
ဆိုးလ်
တောင်ကိုရီးယားနိုင်ငံရဲ့ ပုဂ္ဂလိကသုံးစွဲမှုအင်အားကျဆင်းနေ မှုကိုအခြေခံပြီးနိုင်ငံစီးပွားရေးတိုး တက် မှုနှုန်း တစ်နှစ်ကျော်ခန့်နှေးကွေး ခဲ့တဲ့အတွက်စီးပွားရေးကိုလှုံ့ဆော် တွန်းအားပေးနိုင်ဖို့ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၄ ဘီလီယံ ကို စီးပွားရေးလှုံ့ဆော်တွန်းအားပေး အစီအစဉ်အဖြစ် အသုံးပြုမှာဖြစ် ကြောင်း၊ ထောက်ပံ့ငွေကိုအသေးစား စီးပွားရေး လုပ်ငန်းေ တွနဲ့ မိသားစု အသုံးစရိတ်ကို မြှင့်တင်ဖို့ သုံးစွဲသွား မှာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာနက ကြေညာချက်ကို rttnews ဝက်ဘ် ဆိုက်မှာဖော်ပြပါတယ်။