Main menu

Background

ရက်သတ္တပတ်အတွင်း စီးပွားရေးသတင်းတိုများ

Thu, 02/05/2015 - 21:34 -- journal_editor

ဆိုးလ်
    မော်တော်ကား၊တစ်ပိုင်းလျှပ်ကူးပစ္စည်း၊မင်မိုရီချစ်ပ်နဲ့ တခြားစက်အစိတ်အပိုင်းတွေရဲ့ထုတ်လုပ်မှုမြင့်တက်လာတဲ့အတွက် တောင်ကိုရီးယားနိုင်ငံရဲ့စက်မှုလုပ်ငန်းကုန်ထုတ်လုပ်မှု ယခင်တစ်လက နဲ့နှိုင်းယှဉ်ရင် ဒီဇင်ဘာလ မှာ ၃ ရာခိုင်နှုန်း  တိုးတက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၃၀ ရက်ကထုတ်ပြန်တဲ့ နိုင်ငံတော်ရဲ့  ကိန်းဂဏန်းများကို ကိုးကားပြီး ယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။
တိုကျို
    ဂျပန်နိုင်ငံရဲ့ ကုန်ထုတ်လုပ် မှုလုပ်ငန်းတွေက  နိုဝင်ဘာလမှာ ကျဆင်းနေခဲ့ရာမှ ပြန်လည်ဦးမော့ ကာ ဒီဇင်ဘာလမှာ တစ်ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်တဲ့  တရားဝင် စာရင်းဇယားများအရ   သိရပါ တယ်။ ဒါပေမယ့် ဒီကိန်းဂဏန်းက ဈေးကွက်က ခန့်မှန်းထားတဲ့ ၁ ဒသမ ၃ ရာခိုင်နှုန်းအောက်ကျဆင်း နေသေးကြောင်း   အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။
စင်ကာပူ
    စင်ကာပူနိုင်ငံ ဝန်ဆောင်မှု ကဏ္ဍမှာရှိတဲ့ စီးပွားရေးလုပ်ငန်း တွေမှာ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက် အတွင်း စီးပွားရေး အခြေအနေ နည်းနည်းပဲကောင်းမယ်လို့ ခန့်မှန်း သူက ၄ ရာခိုင်နှုန်း၊ စီးပွားရေးတိုး တက်မှုပိုနှေးမယ်လို့ ခန့်မှန်းသူက ၁၇ ရာခိုင်နှုန်းနဲ့  စီးပွားရေးတိုး တက်မယ်လို့   ခန့်မှန်းသူက ၁၃ ရာခိုင်နှုန်းရှိပြီး အများစုကြီးဖြစ်တဲ့ ၆၆ ရာခိုင်နှုန်းက ပုံမှန်အတိုင်းရှိ မယ်လို့လည်း   ခန့်မှန်းကြောင်း ကြျငညနျျ နထစနခအအေငသည စစ်တမ်း ကို  ကိုးကားပြီး  စီအင်န်အေ သတင်းမှာ ဖော်ပြပါတယ်။
ဟနွိုင်း
    ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်း ၁၁၀၀၀ ကျော်က လွန် ခဲ့တဲ့တစ်နှစ်အတွင်း   ရပ်ဆိုင်း သို့မဟုတ် ဖျက်သိမ်းခဲ့ရာ အရင်း အနှီး ဗီယက်နမ်ဒေါင် ၁၀ ဘီလီယံ (၄၇၀ယ၀၀၀ ဒေါ်လာ)အောက် ရှိတဲ့  အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း ၉၉၃ ခုကို ဖျက် သိမ်းခဲ့ပြီး ကုမ္ပဏီပေါင်း ၉၇၀၀ ရဲ့ လုပ်ငန်းတွေကိုယာယီရပ်ဆိုင်း ထားကြောင်းအထွေထွေစာရင်းရုံး ရဲ့ထုတ်ပြန်ချက်ကို ဗီယက်နမ် သတင်းအေဂျင်စီ ဝက်ဘ်ဆိုက် မှာ ဖော်ပြပါတယ်။

ဉာဏ်တင်စုစည်းတင်ပြသည်။