Main menu

Background

မလေးရှားဘဏ်များရှိ နိုင်ငံခြားရှယ်ယာများထပ်မံကျဆင်း

Thu, 02/05/2015 - 21:39 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

      ရေနံစိမ်းဈေးနှုန်းများကျဆင်းမှုနဲ့  အမေရိကန်ပြည်ထောင်စုမှာ အတိုး နှုန်းတွေကျဆင်းလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် မလေးရှားနိုင်ငံသုံး ငွေကြေးရင်းဂစ်တန်ဖိုး ကျဆင်းလာတဲ့အတွက် မလေးရှားဘဏ်တွေ မှာရှိတဲ့နိုင်င်ငံခြားရှယ်ယာတန်ဖိုးတွေကျဆင်းခဲ့ကြောင်းလေ့လာဆန်းစစ်သူတွေကပြောပါတယ်။လွန်ခဲ့တဲ့ခြောက်လကျော်အတွငကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ ၅၀ရာခိုင်နှုန်းထတစ်ဟုန်ထိုးကျဆင်းမှုနဲ့ရင်းဂစ် တန်ဖိုး  ခြောက်နှစ် အတွင်း အနိမ့်ဆုံးနှုန်းထိကျဆင်းမှု စတဲ့အခြေအနေတွေကြောင့် ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် တချို့ဘဏ်တွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ရှယ်ယာ တွေကိုလျှော့ချလိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေက ခန့်မှန်း ပါ တယ်။
ရင်းဂစ်ငွေကြေးရဲ့ဖလှယ်နှုန်းက တစ်ဒေါ်လာကို ၃ ဒသမ ၅၀ ရင်းဂစ် နှုန်းနဲ့ ၃ ဒသမ ၆၀ ရင်းဂစ်နှုန်းကြား အတက်အကျရှိမယ်။ အမေရိကန်ဗဟိုဘဏ်ကလည်းအတိုးနှုန်းကို၁ရာခိုင်နှုန်းကနေ ၁ ဒသမ ၂၅ ရာခိုင်နှုန်း အတွင်း လျှော့ချလိမ့်မယ်လို့ MIDF ကခန့်မှန်းထားပါတယ်။ ရင်းဂစ်တန်ဖိုး ဆက်လက်ကျဆင်းနေ ပြီးကာလတိုအတွင်းမှာတော့ ယခုအနေအထားမှာပင်အတက်အကျရှိနေလိမ့်မယ်လို့RHBသုတေသနဌာနက ခန့်မှန်းထား ပါတယ်။
CIMB Group Holding Bhd, ALiance Financial Bhd (AFG), AMMB Holding Bhd eJY Public Bank Bhd စတဲ့  နိုင်ငံခြားရှယ်ယာ အတော်များများကိုလက်ခံထားတဲ့ ဘဏ်တွေကို ပိုမိုဂယက်ရိုက်လာလိမ့်မယ် လMIDF Investment Research မှ လေ့လာဆန်းစစ်ရေးမှူး ကယ်လ်ဗင် အွန်းက ပြောပါတယ်။ နိုင်ငံခြားရှယ်ယာပါဝင်မှု  ကျဆင်းတာ အများဆုံးက CIMB ဘဏ်ဖြစ်ကြောင်း အွန်းကပြောပါတယ်။ CIMBရဲ့ နိုင်ငံခြားရှယ်ယာ ပါဝင်မှုက ၂၀၁၄ ခုနှစ်  ဒီဇင်ဘာမှာ ၃၂ ဒသမ ၇ အထိရောက်ရှိကာ အနိမ့်ဆုံး အနေအထားကို ရောက်ရှိခဲ့ပါတယ်။
ဉာဏ်တင်စုစည်းတင်ပြသည်။