Main menu

Background

ရက်သတ္တပါတ်အတွင်း စီးပွားရေး သတင်းတိုများ

Thu, 07/02/2015 - 19:18 -- journal_editor

ဘာလင်
လာမယ့်ငါးရက်အတွင်း ဂရိ အစိုးရက သူရဲ့မြီရှင်တွေနဲ့ဆွေးနွေး ညှိနှိုင်းရာမှာ အဖြေတစ်ခုခုကို မရ ခဲ့ပါက  ဂရိနိုင်ငံအနေနဲ့ယူရိုဇုန်မှ မလွဲမသွေ    ထွက်ခွာရတော့မှာဖြစ်  ကြောင်း ဇွန်လ ၂၆ ရက်နေ့က ဂျာမနီနိုင်ငံမှ အီးယူကော်မရှင်နာGuenther Oettinger  ရဲ့ပြောကြား ချက်ကို ကိုးကားပြီးရိုက်တာသတင်း မှာဖော်ပြပါတယ်။
စင်ကာပူ
စင်ကာပူရဲ့ ကုန်ချောထုတ် လုပ်မှုက ၂၀၁၅ ခုနှစ်မေလမှာ နှစ်အလိုက်နှိုင်းယှဉ်မည်ဆိုပါက ၂ ဒသမ ၃ ရာခိုင်နှုန်း   ကျဆင်းခဲ့ ကြောင်း ဇွန် ၂၆ ရက်က စီးပွား ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘုတ် အဖွဲ့ (Economic Development Board-EDB) မှ နောက်ဆုံးထုတ် ပြန်သောကိန်းဂဏန်းများကို  ကိုး ကားပြီးစီအင်အေသတင်းမှာ ဖော် ပြထားပါတယ်။
ကုလသမဂ္ဂ
 ယူကရိန်းနိုင်ငံတွင် မလေးရှား အဲလိုင်းပစ်ချခံရစဉ်က သေဆုံးခဲ့ ရတဲ့ မိသားစုများအတွက် တရား မျှတမှုရှိအောင်   ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ခုံသမာဓိအဖွဲ့ ကိုဖွဲ့စည်းပေးဖို့ သြစတြေးလျနိုင်ငံ အစိုးရက မလေးရှား၊ ယူကရိန်း၊ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံနိုင်ငံ တို့ကို နှိုးဆော်တိုက်တွန်းခဲ့ကြောင်း ဂျကာတာပို့စ်သတင်းမှာ ဖော်ပြပါ တယ်။
 
ကွာလာလမ်ပူ
မလေးရှားနိုင်ငံရဲ့    ပျမ်းမျှ အလုပ်လက်မဲ့နှုန်းက၂၀၁၄ ခုနှစ် မှာ ၂ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်မှာ ၃ ဒသမ ၁ ရာခိုင်နှုန်း အထိရောက်ရှိနိုင်ကြောင်း မလေး ရှားနိုင်ငံရဲ့ အကြီးဆုံးဘဏ်ကြီး ဖြစ်တဲ့ Maybank  ရဲ့ Maybank Investement Bank Research က ဇွန် ၂၆ ရက်မှာ ထုတ်ပြန်လိုက်တဲ့ အချက်ကို ကိုးကားပြီး သည်စတား အွန်လိုင်းသတင်းမှာ   ဖော်ပြပါ တယ်။