Main menu

Background

တရုတ်ဝယ်လိုအားမြင့်တက်လို့ နှမ်းဈေး ပြန်လည်ဈေးမြင့်လာ

Tue, 10/15/2013 - 15:15 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂ ရက်မှ ၈ ရက်တာကာလအတွင်း နှမ်းရောင်စုံ ၅၉၆၂တန်ကျော်နဲ့ချင်းရွှေဟော်မှ ၁၆၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က မူဆယ်မှ ၆၉၄၃ တန်ကျော် နဲ့ ချင်းရွှေဟော်မှ ၅၄၆ တန်ခွဲတင်ပို့ခဲ့ တာကြောင့် ယခုအပတ် နှမ်းတင်ပို့မှု ၁၃၆၀ တန်ကျော်လျော့နည်းခဲ့ပေမဲ့ နှမ်း ဈေးတွေကတော့ မူဆယ်ကုန်စည်ဒိုင် မှာယခင်အပတ်ထက် မြင့်တက်လာတာ တွေ့ရပါတယ်။ ယခုအပတ် နှမ်းဖြူ တစ်တန် ၁၉၀၅၂၂၆ ကျပ်နဲ့ နှမ်းနက် တစ်တန် ၁၈၂၆၀၄၉ ကျပ်ထိဈေးမြင့် လာ ပါတယ်။

သြဂုတ်လကုန်ပိုင်းမှစပြီး တရုတ်ဝယ်လက်မှ ကုန်ဝယ်ယူမှုလျော့ နည်းသွားတာကြောင့် နှမ်းဈေးများ ဆက်တိုက်ကျဆင်းခဲ့ပေမဲ့ စက်တင်ဘာ လလယ်မှစပြီး တရုတ်အဝယ်ပြန်လိုက် လာတာကြောင့် နှမ်းဈေးနှုန်းများပြန် လည် မြင့်တက်လာတယ်လို့ ဒေသခံ ကုန်သည်များထံမှ သိရပါတယ်။ ယခု အပတ် တင်ပို့တဲ့နှမ်းရောင်စုံတန်ချိန် အရေအတွက်ကို ဖော်ပြပေးလိုက်ပါ တယ် -

 

တန်ချိန်- ကိန်းပြည့်
နှမ်းအမျိုးအစား    မူဆယ်    ချင်းရွှေဟော်
နှမ်းဖြူ                  ၁၂၁၃      ၅၂
နှမ်းနက်                ၃၆၄၉      ၈၃
နှမ်းညို                  ၁၁၀၀      ၃၃
နှမ်းဖြူ(အခွံချွတ်)      ၁၄၉        -
မော်မော်အောင် MIRT (DCCA)