Main menu

Background

မလေးရှားစားအုန်းဆီဈေး ခြောက်ရက်အတွင်း ပထမအကြိမ်အဖြစ် မြင့်တက်

Thu, 05/15/2014 - 09:29 -- ydnar

 

မလေးရှားစားအုန်းဆီ ကြိုရောင်း ကြိုဝယ်ဈေးက မေ ၇ ရက်က ခြောက်ရက်အတွင်းပထမဆုံးအကြိမ်မြင့်တက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာစားအုန်းဆီဈေးကျဆင်းနေတာကအောက်ဈေးလိုက်ဝယ်သူတွေကို ဆွဲဆောင်နိုင်မှု ရှိခဲ့တဲ့အပြင် ရင်းနှီးမြှုပ်နှံသူတွေ ကိုလည်းအကျမှာဝယ်ရောင်းထားတဲ့စားအုန်းဆီပြန်လည်ပေးဆပ်ဖို့ဝယ်လာအောင်ဆွဲဆောင်နိုင်ခဲ့တဲ့အတွက်ယခုလို ဝယ်လိုအား များပြီး ဈေးတက်လာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရင်းဂစ်တန် ဖိုး မြင့်တက်နေတာက ဝယ်လိုအားကို ထိန်းချုပ်မှုဖြစ်စေ ခဲ့ပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇူလိုင်အတွက် စားအုန်းဆီအခြေခံ စံ ထားကြိုရောင်းဈေးမှာ မေ ၇ ရက်က သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီးတစ်တန်ကို ၂၅၇၈ ရင်းဂစ် (၇၉၃ ဒေါ် လာ) နှုန်း ရှိခဲ့ပါတယ်။ကမ္ဘာ့ဈေး သတ်မှတ်ရာမှာ အလေး ထားကြည့်ရတဲ့မလေးရှားစားအုန်းဆီခြောက်ရက်အနက် ငါးရက်မှာဈေး နှုန်းတွေကျဆင်းနေခဲ့ပါတယ်။ ဒီဈေးကသုံးလ အတွင်း အနိမ့်ဆုံးဈေးဖြစ်ပါတယ်။ ဒီလိုကျဆင်းရတာကလည်း စားသုံးဆီလောကမှာ ပြိုင် ဖက်ဖြစ်တဲ့ ပဲပုပ်ဆီကျဆင်းမှုနဲ့အတူ တွဲပါသွား တာဖြစ်ပါတယ်။ဒါပေမဲ့ဈေးနှုန်းကျဆင်းတဲ့အတွက်ဝယ်လက်တွေဝယ်ချင်လာအောင်ဆွဲဆောင်နိုင်မယ်ဆိုရင်သို့မဟုတ်ဈေးအချောင် ဝယ်လိုသူ တွေကဝယ်ယူချင်လာမယ်ဆိုရင် စားအုန်းဆီ ဈေးက တစ်တန်ကို ရင်းဂစ် ၂၆၀၀ အထက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
ပြိုင်ဖက်ဟင်းရွက်ဆီဖြစ်တဲ့ အမေ ရိကန်ပဲပုပ်ဆီရဲ့ ဇူလိုင်ကြိုရောင်း ဈေးကတန်းနေသလောက်နီးပါး ရှိနေပါတယ်။ တရုတ်နိုင် ငံဒါလီယံကုန်စည်ဒိုင် မှာ ပဲပုပ်ဆီဈေးက သုည ဒသမ ၁ ရာ ခိုင်နှုန်း ကျဆင်းပါတယ်။