Main menu

Background

မလေးရှားစားအုန်းဆီကြမ်းဈေး တစ်တန် ရင်းဂစ် ၂၇၀၀ အောက်ရှိမည်ဟု ခန့်မှန်း

Fri, 05/23/2014 - 07:31 -- ydnar

စားအုန်းဆီလက်ကျန်မြင့်မားမှု၊ အင်ဒိုနီးရှားနဲ့ မလေးရှားမှာ ဇီဝဒီဇယ်ခွင့်ပြုမှု အခြေအနေနဲ့ အယ်လ်နီညို ရာသီဥတု လွှမ်းမိုးလာမဲ့အခြေအနေစတဲ့မရေရာမှုတွေကြောင့်ယခုလအတွင်းမှာစားအုန်းဆီကြမ်းဈေးကတစ်တန်ရင်းဂစ်၂၇၀၀ အောက် သာ ရှိမယ်လို့ ခန့်မှန်းထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်

။ဒီလို မရေရာမှုတွေ ရှိနေပေမဲ့ ယခုနှစ်အတွင်းမှာ စားအုန်းဆီရဲ့ ပျမ်း မျှဈေးနှုန်းက တစ်တန်ကို ရင်းဂစ် ၂၅၀၀ မှ ၂၈၀၀ အကြားရှိမည်ဟုဈေး ကွက်ဆန်းစစ်သူတို့က ခန့်မှန်း ထားရာ ယခင်နှစ်က ပျမ်းမျှဈေးနှုန်းဖြစ်တဲ့ တစ်တန်ကို ၂၃၇၁ ရင်းဂစ်နှုန်း ထက် ပိုမိုမြင့်မားနေပါတယ်။ ကဲနန်ဂါသုတေသန ဌာနက ယခု နှစ် စားအုန်းဆီရဲ့ ပျမ်းမျှဈေးနှုန်းက တစ်တန်ကို ရင်းဂစ် ၂၈၀၀ ရှိမယ်လို့ ယခင်ခ န့်မှန်းချက်အတိုင်း ဆက်လက် ခန့်မှန်းထားပါတယ်။ယခုနှစ်ပထမသုံးလပတ်မှာစားအုန်းဆီကြမ်းရဲ့ပျမ်းမျှဈေးကနှစ်အလိုက်နှိုင်းယှဉ်ရင် ၁၆ ရာခိုင်နှုန်းမြင့် တက်ပြီး တစ် တန်ကို ၂၆၉၃ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။
ယခုနှစ်အတွင်းမှာ အယ်လ်နီညို ရာသီဥတုဖြစ်နိုင်မဲ့နှုန်းက ၇၀ ရာခိုင် နှုန်း ရှိပါတယ်။ အယ်လ်နီညို ရာသီဥတု က ဇူလိုင်လလောက်မှာ ဖြစ်နိုင် ကြောင်း၊ သြစတြေးလျမိုးလေဝသဌာန က ယခင်ရက်သတ္တပတ်က ခန့်မှန်းခဲ့ပါ တယ်။
RAM Ratings  အဆင့် သတ် မှတ်ရေး ကုမ္ပဏီက ယခုနှစ်ပျမ်းမျှ စားအုန်းဆီကြမ်းဈေးကို တစ်တန်မှာ ရင်းဂစ် ၂၃၀၀ နဲ့ ၂၅၀၀ ကြားရှိမယ်လို့ စောစောပိုင်းက ခန့်မှန်းခဲ့ရာမှ ရင်းဂစ် ၂၅၀၀ မှ ရင်းဂစ် ၂၆၀၀ ကြားရှိမယ်လို့ ပြင်ဆင် ခန့်မှန်းခဲ့ ပါတ ယ်။
မလေးရှားနိုင်ငံက ဇီဝဒီဇယ် သုံး စွဲမှုခွင့်ပြုချက်f B 5 ကို ဇူလိုင်ကစပြီး အပြည့်အဝကျင့်ဆုံးမှာ ဖြစ်တဲ့အတွက် တစ်နှစ်ကို စားအုန်းဆီကြမ်း တန် ၅၀၀၀၀၀ ဖြုန်းမဲ့ အခြေအနေရှိနေပါ တယ်။