ဂျုံသီးနှံသည် စပါးနှင့် ပြောင်းသီးနှံပြီးလျှင် အရေးပါဆုံး ကောက်ပဲသီးနှံ များထဲမှ သီးနှံတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်း၊ ချင်းတွင်းမြစ်အောက်ပိုင်းဒေသများ၊ ရွှေဘို၊ ကျောက် ဆည် စသည့်ဒေသများတွင် ဂျုံကို စိုက်ပျိုးကြသည်။ ဆောင်းရာသီဂျုံကို အဓိက စိုက်ပျိုးပြီး အရောင်မှာ အနီ၊ အဝါ၊ အဖြူ ကွဲပြားခြားနားမှုရှိသည်။ ဂျုံပင်များကို လေးလခန့်မျှ စိုက်ပျိုးရ၏။ မြေအမျိုးအစားနှင့်သင့်တော်မည့် ဂျုံအမျိုးအစားကို ရွေးချယ်စိုက်ပျိုးကြရပြီး မိုးရေအစိုဓာတ်ဖြင့် စိုက်ပျိုးပါက မြေတစ်ဧကလျှင် ဂျုံမျိုးစေ့ တစ်တင်းခွဲခန့် အသုံးပြုကြပြီး ရေသွင်းစိုက်ပျိုးပါက နှစ်တင်းအထိ အသုံးပြုကြသည်။ ဂျုံသည် စပါးကဲ့သို့မဟုတ်ဘဲ မျိုးကြဲခြင်းပြီးသည့်နောက်တွင် လည်း မျိုးစေ့များ မြေထဲသို့ သုံးလက်မ၊ လေးလက်မခန့်ကျသွား၍မြေဖြင့် ဖုံးအုပ်နေအောင် ထပ်မံထွန်ပေးရပါသည်။ ဂျုံစိုက်ပျိုးရန် အသင့်တော်ဆုံး ကာလမှာ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့ဖြစ်ပြီး ဖော်ဖော်ဝါရီနှင့်မတ်လ တွင် ဂျုံသီးနှံစတင်ထွက်ပေါ်သည်။ ဂျုံပင်၏ရိုးတံနှင့်အနှံများ အဝါရောင် ပြောင်းချိန် သို့မဟုတ် ရက် ၉၀မှ ၁၁၅ ရက်သားခန့်ရောက်ပြီး အနှံအားလုံး ၈၀ ရာခိုင်နှုန်း ရင့်မှည့်ချိန်တွင် ရိတ်သိမ်းနိုင်ပြီဖြစ်သည်။ ရိတ်သိမ်းချိန်မတိုင်မီ ရိတ်သိမ်းမိလျှင် ဂျုံစေ့များမှာ ရှုံ့တွနေတတ်၍ ပိုးတွယ်တတ်သည်။ အချိန်လွန် သွားလျှင်လည်း ဂျုံစေ့များ ြွေကကျတတ်သဖြင့် ရိတ်ချိန်မှန်မှ သီးနှံကောင်း ရရှိမည်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံစိုက်ပျိုးထုတ်လုပ်မှုမှာ နှစ်စဉ်ဧက တစ်သိန်းခန့်လျာထားစိုက်ပျိုးသည်။ စစ်ကိုင်းခရိုင်တွင် စိုက်ဧက ၄၂၀ဝ၀ ကျော်၊ ရွှေဘိုခရိုင်တွင် ၃၁၀ဝ၀ ကျော်၊ မုံရွာခရိုင်တွင် ၁၃၀ဝ၀ ကျော်၊ ယင်းမာ ပင်ခရိုင်တွင် ၆၀ဝ၀ ကျော်၊ ကလေးခရိုင်တွင် ၅၀ဝ ကျော် စိုက်ပျိုးမှုရှိသည်။ အထွက်နှုန်းမှာ တစ်ဧကလျှင် ၂၁ တင်းခန့်ထွက်ရှိသည်။ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်အထိ တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်သုံးသိန်းကျော် ခန့် ကုန်ကျသည်။ ချောင်းဦးမြို့နယ် ပေါက်အင်းစိုက်ကွင်းမှ ဒေသရေမြေနှင့် ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်သည့် မျိုးများထုတ်လုပ်ဖြန့်ချိပေးသည်။
ဂျုံစက်များတွင် ဂျုံစေ့မှ ဂျုံမှုန့်နု၊ ဂျုံမှုန့်ကြမ်း၊ ဂျုံဆန်ကွဲ၊ ဂျုံဖွဲဟူ၍ ဂျုံမှုန့် အမျိုးအစားများကို ရရှိသည်။ ဂျုံကြိတ်စက်များ၌ အထပ်ပေါင်း ရှစ်ထပ်မှ ၁၀ ထပ်ခန့်အထိရှိ၍ အပေါ်ဆုံးထပ်မှ အောက်ဆုံးထပ်တိုင်အောင် အဆင့်ဆင့် ဂျုံကြိတ်ခွဲသည်။ ဂျုံကြိတ်စက်သို့ရောက်လာသော ဂျုံစေ့များသည် အမှိုက် သရိုက်များ စင်ကြယ်အောင် ဆောင်ရွက်ပြီးနောက် ဂျုံစေ့များကို စက်ပေါ်တင် ပေးလိုက်သောအခါ တစ်ထပ်ပြီးတစ်ထပ် အလိုအလျောက် ညက်၍ အောက် သို့ဆင်းလာသည်။ အထပ်တိုင်းရှိ ဒလိမ့်တုံးများ အသီးသီးရှိကြရာ ပထမအဆင့် တွင် အခွံနှင့်အဆန်ကွဲရုံသာ ကြိတ်ပေးပြီး နောက်အဆင့်များသို့ရောက်မှ တစ်ခါထက်တစ်ခါညက်၍လာသည်။ ပိုးဆန်ခါစိတ်များနှင့်ချ၍ ခွဲထုတ်ပြီး လျှင် မညက်သေးသော ဂျုံမှုန့်များကို တစ်ဖန်ထပ်၍ ကြိတ်ရသည်။ စက်က ဂျုံ ကြမ်းနှင့်ဂျုံဖွဲကို တခြားစီ ခွဲထုတ်ပေးပြီးနောက် နောက်ဆုံးညက်သော ဂျုံမှုန့် အဖြူ၊ ဂျုံကြမ်းနှင့်ဂျုံဖွဲများ တစ်နေရာစီ ခွဲခြား၍ ထွက်လာကြသည်။ ကြိတ်ပြီး သောအခါ ဂျုံမှုန့်ကို အလေးချိန်၊ အရွယ်အစားအမျိုးမျိုးအိတ်များဖြင့် ထည့်၍ တင်ပို့ရောင်းချသည်။ ဂျုံကြိတ်ရာမှ ဘေးထွက်ပစ္စည်းအဖြစ်ဖြင့် ထွက်လာသော ဂျုံဖွဲ၊ ဂျုံကြမ်း စသည်တို့ကို တိရစ္ဆာန်အစာအဖြစ်အသုံးပြုသည်။ ဂျုံစေ့ကုန်ကြမ်း ၏ ၇၅ ရာခိုင်နှုန်း ဂျုံမှုန့်ကုန်ချောအဖြစ်ထွက်ရှိသည်။ မုံရွာစက်မှုဇုန်တွင် ဂျုံစက် ၁၀စက်ခန့်ရှိပြီး စက်ရုံအကြီးတစ်ခုသည် တစ်ရက်ထုတ်လုပ်အား ဂျုံမှုန့် ၂၀ဝ၀ဝ ပိဿာထုတ်လုပ်နိုင်ပြီး ဝယ်လိုအားလျော့သည့်အချိန်တွင် လျော့နည်း ထုတ်လုပ်ကြောင်း သိရသည်။ မုံရွာကုန်စည်ဒိုင်မှ ဂျုံပေါက်ဈေးအတိုင်း ဝယ်ယူပြီး ကြိတ်ခွဲထုတ်လုပ်သည်။ မုံရွာကုန်စည်ဒိုင်ဈေးနှုန်းအရ ဂျုံစတင်ထွက်ပေါ် ချိန်မတ်လဆန်းက ဂျုံဖြူသန့် ၂၀ပိဿာ အလေးချိန်ရှိ တစ်တင်းလျှင် ၃၂၀ဝ၀ ကျပ်မှ လက်ရှိ သြဂုတ်လဆန်းတွင် ၄၈၀ဝ၀ကျပ်၊ အထွက်တိုးဂျုံနီဈေးနှုန်းမှာ ပေါ်စ ၂၉၀ဝ၀ ကျပ်မှ လက်ရှိဈေးမှာ ၄၆၀ဝ၀ ကျပ်ဖြစ်ကြောင်းတွေ့ရသည်။ လက်ရှိ ဂျုံမှုန့်ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိပြီး တစ်ပိဿာလျှင် ၂၇၀ဝ ကျပ်ဖြစ်သည်။ ဂျုံမှုန့်များကို တိုင်းတွင်းမြို့နယ်များနှင့် မန္တလေးမြို့သို့ အဓိက တင်ပို့ရောင်းချကြသည်။ မုံရွာမြို့နယ်အတွင်းတွင် ကိတ်မုန့်ပေါင်မုန့်လုပ်ငန်း များပြားသဖြင့် ဈေးကွက်များရှိနေသည်။နိုင်ငံတကာဂျုံဈေးကွက်သည် စားသောက်ကုန်ဈေးနှုန်းအပေါ် သက် ရောက်မှုရှိသည်။ ရာသီဥတုကြောင့် စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ခဲ့ရသည့်နိုင်ငံ များတွင် ဂျုံပြည်ပတင်ပို့မှုကို တားမြစ်မှုများရှိသည်။ စစ်ဖြစ်ပွားသော နိုင်ငံ များတွင် ပြည်ပတင်ပို့မှုရပ်ဆိုင်းမှုများရှိသောကြောင့် ကုန်စည်ရှားပါးပြီး စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် ကြုံတွေ့ရမှုများရှိသည်။ မြန်မာနိုင်ငံတွင် စားသုံးမှု လိုအပ်ချက်အရ ပြည်ပမှ ဂျုံမှုန့်တင်သွင်းရသည်။ ပုံမှန်ကုန်သွယ်မှု အပြင် နယ်စပ်ကုန်သွယ်မှုမှလည်း ဝင်ရောက်သည်။ အိန္ဒိယနိုင်ငံဘက်မှ ဂျုံမှုန့် များ တမူးနယ်စပ်မှတစ်ဆင့် ဝင်ရောက်လာရာ အခွန်ပေးဆောင်ထားမှုမရှိ ခြင်းနှင့် စားသုံးရန်ထောက်ခံချက်များမပါခြင်းတို့ကြောင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဂိတ်များတွင် ဂျုံမှုန့်အိတ်များအား အရေးယူမှုများရှိသဖြင့် တရားဝင် အခွန်ဆောင် ဝင်ရောက်လာကြောင်း တွေ့ရသည်။
ဂျုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး ရေရှည် ထုတ်လုပ်နိုင်ရန် အရည် အသွေးကောင်း မျိုးစေ့များနှင့် ဂျုံအထွက်တိုးနည်းပညာများ လိုအပ်သည်။ ဂျုံစိုက်တောင်သူများအနေဖြင့် ရိတ်သိမ်းြွေခလှေ့စက် ငှားရမ်းသုံးစွဲရမှုများ သဖြင့် စက်ကိရိယာ လိုအပ်ချက်ရှိသည်။
လယ်ယာစိုက်ပျိုးရေးဘဏ်၊ မြစိမ်းရောင်၊ဏခေအ ပြညောမေနှင့် သမဝါယမ အဖွဲ့အစည်းများမှ ချေးငွေရယူမှုများရှိသော်လည်း စိုက်ပျိုးစရိတ်များကြီးမြင့် လာမှုကြောင့် ရင်းနှီးငွေ လိုအပ် ချက်မြင့်မားလျက်ရှိသည်။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများလွယ်ကူချောမွေ့ပါက ဈေးကွက်ဈေးနှုန်း ပိုမိုကောင်းမွန်နိုင် ကြောင်းသိရသည်။ ဂျုံမှုန့်များ ပြည်တွင်း သယ်ယူပို့ဆောင်စရိတ်သည် ပြည်ပ မှ တင်သွင်းသည့် ဂျုံမှုန့်ထက် ပိုမိုကုန်ကျနေသဖြင့် တွက်ခြေကိုက်သည့်ဈေးနှုန်း မရရှိတော့သဖြင့် ဂျုံစိုက်ဧကလျော့ကျကြောင်း သိရသည်။ ပြည်ပသွင်းကုန် အစားထိုးနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ဂျုံစက်များနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်းကို အားပေးပံ့ပိုးပေးပြီး သယ်ယူပို့ဆောင် စရိတ်ကျဆင်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သိရသည်။