Main menu

Background

၃၂ နှစ်အတွင်း ဂျပန်ယန်းငွေတန်ဖိုး စံချိန်တင်ကျဆင်း

Fri, 10/28/2022 - 14:31 -- journal_editor

အောက်တိုဘာလ တတိယပတ်ထဲသို့ ရောက်ရှိလာချိန်တွင်  ဂျပန်ယန်းငွေ တန်ဖိုးသည် သိသိသာသာ ကျဆင်းမှုများရှိလာပြီး နှစ်ပေါင်း ၃၂ နှစ်အတွင်း စံချိန်တင် ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက အောက်တိုဘာ ၂၀ ရက် တွင် ဖော်ပြထားသည်။အောက်တိုဘာ ၂၀ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်း ၁၄၉ ယန်းနှင့် ညီမျှနေခြင်းကြောင့် နှစ်ပေါင်း ၃၂ နှစ်အတွင်း အနိမ့်ဆုံးတန်ဖိုး ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။ဂျပန်ယန်းငွေတန်ဖိုး သိသိ သာသာကျဆင်းနေမှုကို ဂျပန်အာဏာပိုင် များက ထပ်မံသတိပေးထားပြီး  ငွေကြေးဈေးကွက်ကို စောင့်ကြည့်နေကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ရူနီချီဆူဇူကီးက ပြောဆိုခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံဘဏ္ဍာရေးဝန်ကြီး  ရူနီချီဆူဇူကီးက ဂျပန်အစိုးရလက်ရှိ ကျင့်သုံးနေသည့် မူဝါဒများကိုအခြေခံပြီး နိုင်ငံခြားငွေကြေးဈေးကွက်ကို စနစ်တကျ စီမံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဂျပန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဟာရူဟီကိုကူရိုဒါ ကလည်း ယခင်က သတိပေးခဲ့သည့်အတိုင်း နိုင်ငံခြားငွေကြေး ဈေးကွက်တည်ငြိမ်မှုက နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း၊ လတ်တလော ယန်းငွေတန်ဖိုး ကျဆင်းမှုက မြန်ဆန်ပြီး တစ်ဖက်သတ်ဖြစ်နေကြောင်း ပြောဆို ခဲ့သည်။
ယခုအချိန်တွင် ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းနေခြင်းနှင့်အတူ ကုန် ပစ္စည်းတင်သွင်းမှုစရိတ်များ ကြီးမြင့်လာခြင်း၊ ပြည်တွင်း၌ကုန်ဈေးနှုန်း မြင့်မား လာခြင်း စသည့် အခြေအနေများဖြင့် ဂျပန်ပြည်သူများ ရင်ဆိုင်နေကြရကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။                     

Source; Reuters