Main menu

Background

ဘီအမ်ဒဗလျူက လျှပ်စစ်မီနီကား တရုတ်နိုင်ငံတွင် ထုတ်လုပ်

Fri, 10/28/2022 - 14:36 -- journal_editor

BMWသည် ၎င်းတို့၏ လျှပ်စစ်မီနီကားထုတ်လုပ်မှုကို တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ပြီး  တိုးချဲ့ထုတ်လုပ်နေပြီဖြစ် ကြောင်း သိရသည်။BMW  အနေဖြင့်  ပထမဆုံး  လျှပ်စစ်မီနီကားများကို ၂၀၁၉ ခုနှစ် ဇူလိုင်လကပင် အင်္ဂလန်ရှိ အောက်စ ဖို့ဒ်ရှိုင်းယားတွင်ထုတ်လုပ်နေရာ ၂၀၂၄ ခုနှစ်တွင် လျာထားချက် အတိုင်းအစီးရေလေးသောင်း ပြည့်မည်ဖြစ်သည်။BMW  အနေဖြင့်၎င်းတို့၏ လျှပ်စစ်မီနီကား ထုတ်လုပ်မှုကို  တရုတ်နိုင်ငံတွင် တိုးချဲ့ထုတ်လုပ်ခြင်းသာ ဖြစ်ပြီး အင်္ဂလန်ရှိ အောက်စ်ဖို့ဒ်ရှိုင်းယား၌ ထုပ်လုပ်မှုမှာ ဆက်လက် ရှိနေမည်ဖြစ်ကြောင်း သိရသည်။ BMW သည် တရုတ်နိုင်ငံ တွင် လျှပ်စစ်မီနီကား ထုတ်လုပ်ရေးအတွက် မော်တော်ကား စက်ရုံကို ၂၀၂၀ြုပြည့်နှစ်က  တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် အဆိုပါစက်ရုံမှ မော်တော်ကားထုတ် လုပ်မှုမှာ သတ်မှတ်ချက်အတိုင်း ပြည့်မီလာမည်ဟုဆိုသည်။
လျှပ်စစ်မီနီကား ထုတ်လုပ်မှုအတွက် တရုတ်နိုင်ငံတွင် တိုးချဲ့လိုက်သော်လည်း အောက်စဖို့ဒ်ရှိုင်းယားတွင်ရှိသည့် အလုပ်အကိုင်များအပေါ်   ထိခိုက်မှုရှိမည်မဟုတ်ကြောင်း BMW မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။BMW သည် ၂၀၁၈ ခုနှစ်တွင်တရုတ်နိုင်ငံမှ Great Wall Motor နှင့်သဘောတူညီမှု ရှိခဲ့ပြီးနောက် တရုတ်နိုင်ငံ တွင် လျှပ်စစ်မီနီကားများ ထုတ်လုပ်ရန် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။"လျှပ်စစ်မီနီကားက ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံး  ကားတွေ ထဲက တစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရောင်းအား အကောင်းဆုံးလည်း ဖြစ်ပါတယ်။ အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထပ်လောင်း သက်သေပြချင် ပါတယ်။ တရုတ်နိုင်ငံဟာ မော်တော်ကားဈေးကွက်အတွက် ကောင်း မွန်တဲ့နေရာတစ်ခုဖြစ်သလိုကုန်ကြမ်းအတွက်လည်း စိတ်ချ ရတဲ့ အနေအထားမှာ ရှိနေပါတယ်"ဟု BMW ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။BMW သည် ကားမော်ဒယ်သစ်ထုတ်လုပ်မှုအတွက် ဂျာမနီနိုင်ငံ လိုက်ဇစ်မြို့တွင်လည်း စက်ရုံတစ်ခုကို တည်ဆောက်လျက်ရှိကြောင်းသိရသည်။
Source; South China Morning Post