Main menu

Background

ပြင်သစ်နိုင်ငံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားကို ပိုမိုစိတ်၀◌င်စားမှုရှိ

Wed, 11/02/2022 - 16:13 -- journal_editor

ပြင်သစ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့်  SIAL Paris Inspire Food Business  ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံသစ်သီးဝလံ  ပန်းမန်စိုက်ပျိုး ရောင်းချသူများအသင်းမှ ဝင်ရောက်ပြသသည့်  အသီးအနှံခြောက်မျိုး အနက် မက္ကဒေးမီးယားကို ပိုမို စိတ် ဝင်စားကြကြောင်း သိရသည်။အဆိုပါ ကုန်စည်ပြပွဲကို  အောက်တိုဘာ ၁၅ ရက်မှ ၁၉ ရက် အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသင်းမှ ပြသသည့် ထောပတ်သီး၊ သရက် သီး၊ ဝဥ၊ မက္ကဒေးမီးယား၊ နာနတ်သီးနှင့် ကယန်းငရုတ်သီး တို့အနက် မက္ကဒေးမီးယားကို   ပြပွဲလာရောက်သူများက  ပိုမိုစိတ်ဝင်စားမှုရှိခဲ့ ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၉ ရက်တွင် ပြောသည်။“အသီးအနှံ ခြောက်မျိုးမှာ သူတို့ စိတ်ဝင်စားတာ မက္ကဒေးမီး ယားပေါ့။ ဈေးကွက်ကတော့ စဖောက်နေပြီ။  ဒါပေမဲ့ တရားမဝင် လမ်းကြောင်းတော့ ဖြစ်နေသေးတယ်” ဟု ၎င်းက ပြောသည်။လွန်ခဲ့သည့် သုံးနှစ်ခန့်မှစ၍  မက္ကဒေးမီးယားကို ပြည်တွင်း၌ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလာကြသဖြင့် ယခုအခါ အစေ့အဆန်ကို ဈေးကွက်တင် ရောင်းချနိုင်ပြီဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ အဓိက တင်ပို့ချင်တာ အိမ်နီးချင်း  တရုတ်နိုင်ငံ ဖြစ်ပေမယ့် သူတို့မှာ ဈေးကွက်လိုအပ်ချက်မရှိသေးတော့  မရသေး ဘူး။ အဲဒီတော့ တရားမဝင်လမ်းကြောင်းကပဲ ထိုင်းကို သွားတယ်။ အဲဒီကနေ ကမ္ဘောဒီးယားပေါ့။ လက်ရှိမှာ ဈေးကွက်ဝေစု  ရရှိမှုက တော့ ဝင်ရောက်ယှဉ်ပြိုင်နေရဆဲ အခြေအနေမှာသာ  ရှိနေပါသေး တယ်”ဟု ၎င်းက ပြောသည်။မက္ကဒေးမီးယား တွင်     Omega- 3 ပါဝင်သဖြင့်   ကျန်းမာရေး ဓာတ်စာအဖြစ် အဓိကရောင်းချ စားသောက်ကြကာ နေ့စဉ် အသီး ရှစ်လုံးခန့် စားသုံးရုံဖြင့် အသားအရေကို နုပျိုစေသည့်  အာနိသင် ရှိသည်ဟု ဆိုသည်။ထို့ကြောင့် online ဈေးကွက်တွင်   အမျိုးသမီးများအကြား ရေပန်းစားလူကြိုက်များသည်ဟု သိရသည်။ ဈေးနှုန်းများမှာ အခွံ ချွတ် လှော်ပြီးသား ၂၅၀ဂရမ်ကို ၁၅၀ဝ၀ကျပ်ဝန်းကျင်တွင် ရောင်းချ နေပြီး အခွံမခွာရသေးသည့် အစိမ်းဆိုလျှင် တစ်ကီလိုဂရမ်ကို  ကျပ် ၄၀ဝ၀ ဝန်းကျင်ရောင်းချ‌နေကာ မက္ကဒေးမီးယားဆီ  တစ်ပိဿာလျှင် ဈေးကွက်၌ ကျပ်နှစ်သိန်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း  သိရ သည်။