Main menu

Background

အီးယူသို့ ပဲတီစိမ်းတင်ပို့မည့် ကုမ္ပဏီများအတွက် အသင့်ရှိနေပြီဖြစ်

Wed, 11/09/2022 - 14:56 -- journal_editor

ဥရောပနိုင်ငံသို့ ပဲပင်ပေါက်ပြုလုပ်မည့် ပဲတီစိမ်းတင်ပို့ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI)  နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (M.O.C) တို့ သဘောတူညီချက်အရ ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုး ဆောင် ရွက်ခဲ့ကြသည်။
ယခုအခါ ပဲရာသီမှာ EU သို့ ပဲတီစိမ်းများတင်ပို့နိုင်ရေး အတွက် တင်ပို့လိုသည့် အဆိုပြုကုမ္ပဏီများ ဖိတ်ခေါ်ခြင်း၊ တောင်သူပညာပေး သင်တန်းများပို့ချခြင်း၊  Farm Collector နှင့် Processor Level စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် EU  နိုင်ငံများ သို့ Bean sprouting အတွက် မြန်မာ့ပဲများတင်ပို့နိုင်ရေး လုပ်ငန်းကြီး ကြပ်အဖွဲ့က အစည်းအဝေးများကျင်းပပေးနေပြီဖြစ်သည်။
Farmer  နှင့် Collector Inspection & Testing ကို စိုက်ပျိုးရေး ဦးစီးဌာနက လည်းကောင်း၊ Processor Inspection & Training ကို စားသုံးသူရေးရာဦးစီးဌာနကလည်းကောင်း တာဝန်ယူဆောင်ရွက် လျက်ရှိသည်။ EU ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် Processor Level စစ်ဆေးခြင်းကို  MITS  သို့ တပ်ဆင့်တာဝန်ပေးအပ်ထားသည်။
Processor Level ပိုင်းကို  MITS  မှ နှစ်အလိုက် စစ်ဆေးမှုများ ကတော့ ၂၀၁၈ ခုနှစ်မှာ ကိုးခု၊ ၂၀၁၉ ပြည့်နှစ်မှာ ၁၀ ခု၊ ၂၀၂၀ ခုနှစ်မှာ ခြောက်ခု၊ ၂၀၂၁ ခုနှစ်မှာ ခြောက်ခုနှင့် ၂၀၂၂ ခုနှစ်မှာ ငါးခု အသီးသီးဖြစ်သည်။
EU သို့ မြန်မာ့ပဲများတင်ပို့ရာမှာ Hygiene ပိုင်းကို အဓိကထား စိစစ်လျက်ရှိသည်။ Processor  ပိုင်းကို စစ်ဆေးရာမှာ ဝယ်ယူခြင်း နှင့် ပဲအိတ်များ လက်ခံရရှိမှုအပိုင်း၊ ကုန်ကြမ်းနှင့်  ကုန်ချောများ သိုလှောင်ရုံ၌ ထားရှိမှုအပိုင်း၊ ပဲတီစိမ်းသန့်စင်မှု အပိုင်း၊ ကုန်သေတ္တာ ပေါ်တင်ခြင်းနှင့် ပြည်ပတင်ပို့မှုအပိုင်း၊ အရည်အသွေး ထိန်းချုပ်မှု အပိုင်း၊ လုပ်သားများ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အပိုင်းဆိုပြီး အပိုင်း(၆)ပိုင်းခွဲကာ စစ်ဆေးရေးလုပ်ငန်းကို ဆောင် ရွက်ပေးလျက်ရှိသည်။
စစ်ဆေးရေးလုပ်ငန်းများကို  MITS   မှ Criteria များနှင့် ကိုက်ညီမှု ရှိ၊ မရှိ လုပ်ဆောင်ရာမှာပထမအကြိမ် စစ်ဆေးပြီးနောက်  သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက တစ်ကြိမ်သာစစ်ဆေးရေး လုပ်ဆောင်သည်။ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါက ပြုပြင်ရန် များလိုအပ်ချက်များကို စက်ရုံတာဝန်ခံအား အသိပေးရှင်းလင်းပြော  ကြားခဲ့ပြီး ပြုပြင်ရန် အချိန်တစ်ခုသတ်မှတ်ပေးခဲ့သည်။ ပြင်ဆင်မှု လည်းပြီး ဆုံးဒုတိယအကြိမ် စစ်ဆေးရန် အဆင်သင့်ဖြစ်ပြီဆိုပါက MITS  မှ ဒုတိယအကြိမ် စစ်ဆေးမှုကို ထပ်မံပြုလုပ်၍ သတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိကြောင်း Certificate ကို  MITS မှ ဖြည့်စွက် ထုတ် ပေးပြီး စိုက်ပျိုးရေးဦးစီးဌာနသို့ စားသုံးသူရေးရာဦးစီးဌာနကတစ်ဆင့် ပေးပို့ရခြင်းဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနနှင့် GIZ တို့မှ ကျွမ်းကျင်ပညာရှင်များက သင်တန်းပို့ချလေ့ကျင့်ပေးထားသည့်  MITS မှ စစ်ဆေးရေးမှူးများက Processor Level  ကို  စစ်ဆေးပေး နေခြင်းဖြစ်သည်။
မကြာမီ ၂၀၂၃ ခုနှစ် ပဲရာသီမှ EU သို့ ပဲတီစိမ်းတင်ပို့ရတော့ မည်ဖြစ်သောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ တာဝန်ပေးအပ်  ချက်နှင့်အညီ Processor Level စစ်ဆေးခြင်းကို ဆောင်ရွက်ပေးရန် MITS မှ အသင့်ရှိနေပြီ ဖြစ်ကြောင်း ပဲတီစိမ်းတင်ပို့မည့် ကုမ္ပဏီများကို သတင်းကောင်းပါးလိုက်ရပါသည်။                
 KKCM (MITS)