Main menu

Background

တရုတ်နိုင်ငံသို့ ချစ်ပ်ပြားများ တင်ပို့မှု  အမေရိကန်နိုင်ငံ ရပ်ဆိုင်း

Mon, 12/19/2022 - 15:20 -- journal_editor

တရုတ်နိုင်ငံသို့ မော်တော်ကားသုံး ချစ်ပ်ပြားများ တင်ပို့နေသည့် နိုင်ငံ များထဲတွင် အမေရိကန်နိုင်ငံသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက် ရှိနေသည်။  လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံသို့ ချစ်ပ်ပြားများ တင်ပို့မှုကို ရက်အကန့်အသတ်မရှိ  ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ထိုကဲ့သို့ အမေရိကန်နိုင်ငံအနေဖြင့် ချစ်ပ်ပြားများ တင်ပို့မှုကို ရပ်ဆိုင်း လိုက်ခြင်းကြောင့် တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သို့ တိုင် ကြားထားကြောင်းနှင့် နှစ်နိုင်ငံ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ ချစ်ပ်ပြားများ တင်ပို့မှုနှင့်ပတ်သက်ပြီး အမေရိကန် နိုင်ငံက  စည်းမျဉ်းအသစ်များကို အတည်ပြုခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ထိပ်တန်းကုန်သွယ်ရေးအဖွဲ့တစ်ဖွဲ့၏ တိုင်ကြားစာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်ကနစ်နာရသည့် အကျိုး စီးပွားနှင့် စိုးရိမ်ပူပန်ရမှုများအတွက် ဖြေရှင်းနိုင်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၏ မူဘောင်အတွင်းမှ အရေးယူဆောင်ရွက်သွားနိုင်ရန် လုပ်ဆောင်လျက်ရှိ နေကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။  အမေရိကန်နိုင်ငံ၏   ယခုလုပ်ရပ်မှာ ကမ္ဘာ့စက်မှုလုပ်ငန်း ထောက်ပံ့ရေးကွင်းဆက်၏ တည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေသည်ဟု လည်း တရုတ်နိုင်ငံဘက်က ထောက်ပြ ပြောဆိုထားသည်။
Source : Reuters
စိုင်းဗညား