Main menu

Background

ဖိလစ်ပိုင်နိုင်ငံသည် နာနတ်သီး ကမ္ဘာ့ဒုတိယအများဆုံး တင်ပို့သည့်နိုင်ငံဖြစ်လာ

Mon, 09/02/2024 - 10:59 -- journal_editor

ဖိလစ်ပိုင်နိုင်ငံသည် Costa Rica ပြီးလျှင် ကမ္ဘာ့ဒုတိယအများဆုံး နာနတ်သီးတင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်နေပြီး ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ  ဝယ်လိုအားမြင့်တက်လာမှုကြောင့် ပမာဏ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဖိလစ်ပိုင်သည် ၂၀၂၃ ခုနှစ်တွင် နာနတ်သီးမက်ထရစ် တန်ချိန် ၆၀ဝ၀ဝ၀ ခန့်တင်ပို့ခဲ့ပြီး ယခင်နှစ်ပမာဏကထက် ၂ ဒသမ ၇ ရာခိုင်နှုန်း ပိုများလာကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှပြောကြားခဲ့သည်။
FAOသည်ဖိလစ်ပိုင်နိုင်ငံ၏ နာနတ်သီးတင်ပို့မှုနှင့် ပတ်သက်၍ နှိုင်းယှဉ်ကိန်းဂဏန်းများကို ဖော်ပြမထားသော်လည်း ပမာဏသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ တစ်နှစ်ထက်တစ်နှစ် တိုးလာသည်ဟုဆိုသည်။ ပြီးခဲ့သောနှစ်အတွက် FAO သည် တရုတ်နိုင်ငံသို့ တင်ပို့မှု ၃ ရာခိုင်နှုန်းတိုးလာခြင်းကြောင့် တိုးတက်လာသည်ဟု ယူဆခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် စိုက်ပျိုးသည့် အဓိကမျိုးစိတ်ဖြစ်သောMD2 နာနတ်သီး၏ ဆွဲဆောင်မှုရှိသော ဈေးနှုန်းနှင့် အရည် အသွေး အချိုးအစား၊ တစ်နှစ်ပတ်လုံး ထုတ်လုပ်မှုသံသရာနှင့် ရှည်လျားသော သိုလှောင်မှုသက်တမ်းတို့သည် ၎င်းအားအရောင်း ရဆုံးနာနတ်သီးဖြစ်လာစေသော အချက်များဖြစ်သည်။
တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံထုတ် နာနတ်သီးကို အဓိကစားသုံးသူဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၄၃ ရာခိုင်နှုန်း ခန့်ရှိ သည်။ ဂျပန်နှင့် ကိုရီးယားတို့သည် ၃၀ ရာခိုင်နှုန်းနှင့် ၁၄ ရာခိုင်နှုန်း အသီးသီးရှိကြသည်။ ဖိလစ်ပိုင်နိုင်ငံမှ နာနတ်သီးတင်ပို့မှု ပျမ်းမျှတန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် တစ်တန်လျှင် ၅၉၃ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၃ ဒသမ ၈ ရာခိုင်နှုန်းတိုး တက်ခဲ့ကြောင်း  FAO က ပြောကြားခဲ့သည်။
Source:businessinquirer
 

ဟန်ကိုကျော် (DOCA Yangon))