Main menu

Background

ဗဟိုဘဏ်၏ အတိုးနှုန်းဖြတ်တောက်မှု အစည်းအဝေးမှတ်တမ်းများနှင့် ထိုင်းပေါ်လစီနှုန်းထားများဖော်ပြ

Mon, 11/04/2024 - 15:00 -- journal_editor

ပြန်လည်နာလန်ထူမှုများ    မညီမျှသည့် အခြေအနေတွင်  ကြုံတွေ့ရပြီး ဘဏ္ဍာရေးအခြေ အနေများ တင်းကျပ်လာသောကြောင့် ထိုင်းနိုင်ငံ ၏ မူဝါဒအတိုးနှုန်းသည် လုံလောက်သောအဆင့် တွင် ရှိနေသည်ဟု ထိုင်းဘဏ်၏ အောက်တိုဘာ ၁၆ ရက်တွင်ကျင်းပခဲ့သည်။ ငွေကြေးမူဝါဒ အစည်း အဝေးမှတ်တမ်းများတွင် ဖော်ပြခဲ့သည်။ အစည်း အဝေးတွင် ငွေရေးကြေးရေးမူဝါဒ ကော်မတီသည် တစ်ရက်တာ ဝယ်ယူမှုနှုန်းကို ၂၅ မှတ်မှ ၂ ဒသမ ၂၅ ရာခိုင်နှုန်းသို့ လျှော့ချရန်  မဲခွဲ ဆုံးဖြတ်ခဲ့ရာ ၂၀၂၀ ခုနှစ် နောက်ပိုင်း ပထမဆုံး လျော့ကျသွားခဲ့ သည်။ 
နှုန်းထားကို တည်ငြိမ်စေရန် အဖွဲ့ဝင်နှစ်ဦး က မဲပေးခဲ့ကြသည်။ အတိုးနှုန်း ဖြတ်တောက်မှု သည် အိမ်ထောင်စု ြွေကးမြီများကို သက်သာရာရ စေပြီး အလုံးစြွေုံကးမြီ ဝန်ထုပ်ဝန်ပိုးများကို လျှော့ ချပေးခြင်းဖြင့် တင်းကျပ်သောဘဏ္ဍာရေး အခြေ  အနေများ စီးပွားရေးကို   ထိခိုက်စေနိုင်သည့် အန္တရာယ်ကို လျော့ပါးသက်သာစေရန် မျှော်လင့် ထားကြောင်းBank of Thailand (BOTမှ ထုတ် ပြန်သော သတင်းများတွင် ဖော်ပြထားသည်။ 
စီးပွားရေး၊ ငွေကြေးဖောင်းပွမှုနှင့် ငွေကြေး တည်ငြိမ်မှုတို့အတွက်   အလားအလာရှိသော  အန္တရာယ်များကို   ကိုင်တွယ်ဖြေရှင်းရန် လက်ရှိ ပေါ်လစီ   နှုန်းထားမှာ   လုံလောက်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အိမ်ထောင်စု ြွေကးမြီများ လျော့ပါးသွားခြင်းတွင် တဖြည်းဖြည်း တိုးတက်မှုရှိကြောင်း ကော်မတီက ပြောသည်။ ထိုင်းနိုင်ငံ၏ အိမ်ထောင်စြွေုကးမြီနှင့် ွီဏ အချိုး သည် ဒုတိယ သုံးလပတ်အကုန်တွင် ၈၉ ဒသမ ၆ ရာခိုင်နှုန်း သို့မဟုတ် အာရှတိုက်တွင် အမြင့်ဆုံး အြွေကးဘတ် ၁၆ ဒသမ  ၃ ထရီလီယံ (ဒေါ်လာ ၄၈၃ ဘီလီယံ) ဖြစ်သည်။ ကော်မတီက မူဝါဒနှုန်း ထားသည် ကြားနေဖြစ်ပြီး စီးပွားရေးအလားအလာ နှင့် ကိုက်ညီသင့်သည်ဟု ဆုံးဖြတ်ခဲ့ပြီး ရေရှည်တွင် ငွေကြေးမညီမျှမှုများ   ဖြစ်ပေါ်လာနိုင်သည့် အတွက် အလွန်နိမ့်ကျသင့်သည်ဟုBOTမှ အစည်း အဝေးအပြီးတွင် ပြောကြားခဲ့သည်။  
နောက်လာမည့်နှုန်းထား ပြန်လည်သုံးသပ် မှုသည် ဒီဇင်ဘာ ၁၈ ရက်တွင်ဖြစ်သည်။ စီးပွားရေး ကို ပြည်တွင်း ဝယ်လိုအားနှင့် ခရီးသွားလုပ်ငန်းဖြင့် တွန်းအားပေးမည်ဖြစ်ကြောင်း BOT မှ ထုတ်ပြန် ပြီးနောက်  မကြာမီစတင်မည့်  မူဝါဒဖိုရမ်တစ်ခု အတွက် ပြင်ဆင်သည့်စာတမ်းတွင် ဖော်ပြထား သည်။ အောက်တိုဘာ ၁၆ ရက် ဆွေးနွေးပွဲတွင်BOT သည် ၎င်း၏ ၂၀၂၄ ွီဏ တိုးတက်မှုခန့်မှန်း ချက်ကို ၂ ဒသမ ၇  ရာခိုင်နှုန်းမှ ၂ ဒသမ ၇ သို့ မြှင့်တင်ခဲ့သော်လည်း ၂၀၂၅ မျှော်မှန်းချက်ကို ၃ ရာခိုင်နှုန်းမှ ၂ ဒသမ ၉ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ သည်။ ယမန်နှစ်က တိုးချဲ့မှု သည် ဒေသဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များထက် ၁ ဒသမ ၉ ရာခိုင်နှုန်း နောက်ကျကျန်ခဲ့သည်။

Sources-Reuters

အေးငြိမ်းစံ(mdy DOCA)
)