Main menu

Background

 ဂျုံဈေးနှုန်း ၆ ရာခိုင်နှုန်းနီးပါး တက်

Mon, 11/28/2022 - 15:24 -- journal_editor

ပင်လယ်နက်ဒေသ ပို့ကုန်သဘောတူညီချက်မှ  ရုရှားနုတ်ထွက်မှု သည် ကမ္ဘာ့ဂျုံနှင့် ပြောင်းဈေးကွက်တွင်    စိုးရိမ်ပူပန်မှုများဖြစ်စေပြီး ချီကာဂိုကုန်သွယ်ရေးဘုတ်၌ ဂျုံဈေးနှုန်းသည်  ၆ ရာခိုင်နှုန်းနှင့်  ပြောင်း သည် ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ရုရှားက သိမ်းပိုက်ထားသော ခရိုင်းမီးယားဒေသတွင် ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ရုရှားက ပင်လယ်နက်သဘော တူညီချက်၌ပါဝင်မှုကို ဆိုင်းငံ့လိုက်သည်။
ရုရှား၏နုတ်ထွက်မှုကြောင့်   အာဖရိကနှင့် အရှေ့အလယ်ပိုင်းသို့ တင်ပို့မည့် ဂျုံတန်ချိန်ပေါင်းများစွာသည် အခက်အခဲကြုံတွေ့နေရကြောင်း၊ ဥရောပသို့ ယူကရိန်း ပြောင်းတင်ပို့မှုမှာလည်း ထိခိုက်နိုင်ဖွယ်ရှိကြောင်းနှင့် ကုလသမဂ္ဂ၊ တူရကီ၊   ယူကရိန်းတို့သည် နှံစားသီးနှံ တင်ပို့နိုင်ရေးတွန်းအား ပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကုလသမဂ္ဂက     ကြားဝင်စေ့စပ်ပေးသည့် သဘောတူညီချက်အရ ကုလသမဂ္ဂ၊ တူရကီ၊ ရုရှားနှင့် ယူကရိန်းတို့မှ အရာရှိများပါဝင်သော  ပူးတွဲ ညှိနှိုင်းရေးစင်တာ (Joint Coordination Centre-JCC) သည်  သင်္ဘောများ သွားလာမှုနှင့် စစ်ဆေးမှုများပြုလုပ်ရန် သဘောတူခဲ့ကြသည်။ ပြောင်း၊ ဂျုံ၊ နေကြာထွက်ကုန်များ၊ မုယောနှင့် ပဲပိစပ်တန်ချိန် ၉ ဒသမ ၅ သန်းကျော်ကို ပင်လယ်နက်မှ ဇူလိုင်လကတည်းက တင်ပို့လျက်ရှိသည်။ 
ရုရှားနှင့်ယူကရိန်းနှစ်နိုင်ငံသည် ကမ္ဘာ့ဂျုံအများဆုံးတင်ပို့သူများ ဖြစ်၍ ရုရှားနှင့် ယူကရိန်းအကြား   ရှစ်လကြာဖြစ်ပွားနေသည့် ပဋိပက္ခများ ကြောင့် ဂျုံဈေးကွက်သည် ထိလွယ်ရှလွယ်ဖြစ်နေကြောင်း သိရှိရသည်။  
Source: Reuters
နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲ