Main menu

Background

ဆန်ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 06/20/2023 - 10:48 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် ဇွန် ၁၂ ရက်တွင် Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ  ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၂ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၅၂ဒေါ်လာ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည် ကိုသိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၃ဒေါ်လာ ဖြင့်လည်း ကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၀၉ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၂ ဒေါ်လာဖြင့် လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၈ ဒေါ်လာဖြင့်လည်းကောင်း  အသီးသီးဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၂ ဒေါ်လာဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၈၂ဒေါ်လာဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၂ဒေါ်လာ  ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။ Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများမှာ မြင့်တက်ခဲ့ပြီး ပါကစ္စတန်နိုင်ငံတွင် ဆန်ဈေးနှုန်းမှာ ကျဆင်းခဲ့ကာ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်း တည်ငြိမ်လျက်ရှိသည်ကို သိရသည်။ 
ပြည်တွင်းဆန်ဈေးကွက် သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၈၈၀ဝ၀ မှ ၉၂၀ဝ၀ ကြားနှင့် ရွှေဘို ပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀ မှ ၁၁၂၀ဝ၀ ကြား ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ထက် ကျပ် ၂၀ဝ၀ ခန့် ဈေးနှုန်း မြင့်တက်လျက်ရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ရိုးရိုးဆန် တစ်အိတ်လျှင် ကျပ် ၆၀ဝ၀ဝ မှ ၆၂၅၀ဝ ကြား ပေါက်ဈေးရှိပြီး ဧည့်မထ ၂၅ မှတ်တန်   ဆန်တစ်အိတ်လျှင် ကျပ် ၅၅၅၀ဝ မှ ၅၇၀ဝ၀ ကြား ပေါက်ဈေးရှိကာ ယခုတစ်ပတ်တွင် ဆန်ကြမ်းဈေး နှုန်းမှာ ကျပ် ၅၀ဝ ခန့် အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  ဧပြီ ၁ ရက် မှ ၉ ရက် အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၀၁၈၉၀ ဒသမ ၈၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၁၁၀ သန်း၊ ဆန်ကွဲ တန်ချိန် ၁၂၀၇၅၈ ဒသမ ၁၅၀ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၇၂၀ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၂၂၂၆၄၈ ဒသမ ၉၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၈၃၀ သန်းရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၂၉၀၉၅၁ ဒသမ ၄၀ဝ တန်၊  တန်ဖိုး  အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၉၄၉ သန်း၊ ဆန်ကွဲတန်ချိန် ၁၉၂၃၈၇ ဒသမ ၃၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၁ ဒသမ ဝ၅၁ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတန်ချိန် ၄၈၃၃၃၈ ဒသမ ၇၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၅ သန်း တင်ပို့ခဲ့သည်။ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၈၉၀၆၀ ဒသမ ၆၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈၃၉ သန်းနှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲ တန်ချိန် ၇၁၆၂၉ ဒသမ ၂၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၃၁ သန်း လျော့နည်းတင်ပို့ခဲ့သည်။ 
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့၌ ၂၀၂၃ ခုနှစ် ဇွန် ၁၄ ရက်တွင်   ဖြစ်ပေါ်နေသော   ဈေးနှုန်းများအရ ဧည့်မထဆန် တစ်အိတ်လျှင် ၁၅၅ - ၁၆၀ ယွမ် (ပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၄၁၇ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ၆၄၆၃၅ ကျပ်မှ ၆၆၇၂၀ ကျပ်ကြား) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၃ ခုနှစ်  ဇွန် ၁၄ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပ ငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ၈၅ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၄၃၅၀ ကျပ်ဖြင့် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၂၇၀ဝ ကျပ်ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။
Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၁၅ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယအပတ်တွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်း လဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။