Main menu

Background

မေလအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန် တစ်သိန်းကျော်တင်ပို့

Mon, 06/19/2023 - 11:56 -- journal_editor

ဆန်
၂၀၂၃ ခုနှစ် မေလအတွင်း ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ အမေရိကန် ဒေါ်လာ ၂၁ ဒသမ၂၃၁ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၄၃၆၀ဝ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၈၆၃၀ ကျော်နှင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၄၉၇၀ ကျော်တင်ပို့ခဲ့သည်။
အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဆန်တင်ပို့မှုအများဆုံး နိုင်ငံများမှာ တူကီယေးနိုင်ငံသို့ ဆန်တန်ချိန် ၁၁၁၂၀ ကျော်၊ စပိန်နိုင်ငံသို့ ဆန် ၄၅၉၈ တန်ချိန်၊ ပိုလန်နိုင်ငံသို့ဆန်တန်ချိန် ၃၆၂၀၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၃၆၂၀ ကျော်၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၂၇၀ဝ၊ ပေါ်တူဂီနိုင်ငံသို့ ဆန် တန်ချိန် ၂၂၅၀၊   ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်၂၀၂၅ တန်၊ ယူနိုက်တက်ကင်းဒမ်းသို့ ဆန်တန်ချိန် ၂၀ဝ၀၊ နယ်သာလန် နိုင်ငံသို့ဆန် ၁၃၇၅ တန်၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်တန် ချိန် ၁၇၇၀ ၊ ချက်နိုင်ငံသို့ ဆန် ၁၀၉၇ တန်၊ ဂရိနိုင်ငံသို့ ဆန် တန်ချိန် ၉၂၀၊ လက်ဘနွန်နိုင်ငံသို့ဆန် ၃၇၅ တန်၊ ဂျာမနီ နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ဆလိုဗေးနီးယားနိုင်ငံသို့ ဆန်တန် ချိန် ၂၅၀၊ လစ်ဗျားနိုင်ငံသို့ ဆန်တန်ချိန် ၂၀ဝ၊ ဟန်ဂေရီနိုင်ငံ သို့ ဆန်တန်ချိန် ၂၀ဝ၊ ရိုမေးနီးယားနိုင်ငံ၊ ခရိုအေးရှားနိုင်ငံ၊ ပြင်သစ်နိုင်ငံတို့သို့လည်း အနည်းငယ်တင်ပို့ကြောင်း  သိရ သည်။
အာရှနိုင်ငံများသို့ ဆန်တင်ပို့မှုများမှာ ဖိလစ်ပိုင်နိုင်ငံ သို့ဆန် ၂၆၀၅ တန်၊ မလေးရှားနိုင်ငံသို့  ဆန် ၁၀၇၅ တန်၊ စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၅၇၀၊ တရုတ်နိုင်ငံသို့ ဆန်တန် ချိန် ၅၂၀၊ ဟောင်ကောင်သို့ ဆန် ၁၅၄ တန်နှင့် သြစတြေလျ သို့ အနည်းငယ် တင်ပို့ခဲ့သည်။
မေ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၉၉ သန်း တန်ဖိုးရှိ ဆန် ၄၄၅ တန်  တင်ပို့ခဲ့သည်။ နည်းလမ်း နှစ်သွယ်မှ  ဆန်တင်ပို့မှုတန်ချိန် ၄၄၀၄၀ ကျော် တင်ပို့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၂၁ ဒသမ ၄၃၀ သန်း ရရှိခဲ့သဖြင့် ဧပြီလ ဆန်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၃၀ဝ၀ ကျော် လျော့နည်းတင်ပို့ခဲ့သည်။
ဆန်ကွဲ 
မေလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန် ကွဲတန်ချိန် ၅၂၅၉၀ ကျော်  တင်ပို့ပြီး တန်ဖိုး  အမေရိကန် ဒေါ်လာ ၂၀ ဒသမ ၅၁၃ သန်း ရရှိခဲ့သည်။  ဆန်ကွဲတင်ပို့မှု အနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၄၈၁၅၀ ကျော်နှင့် အာရှနိုင်ငံများသို့  ဆန်ကွဲတန်ချိန် ၄၄၄၀ ကျော် တင်ပို့ကြောင်း သိရသည်။  ဆန်ကွဲအများဆုံးတင်ပို့သော နိုင်ငံများမှာ စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၂၆၅၀၊ ဘယ်လ် ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၁၈၀ဝ၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၆၇၅၀၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၁၇၀ ကျော်၊ ယူနိုက်တက်ကင်းတမ်းသို့ ဆန်ကွဲတန်ချိန် ၃၀ဝ၀၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၅၀၊ ချက်နိုင်ငံ သို့ဆန်ကွဲ ၁၂၅ တန်၊ ပေါ်တူကီနိုင်ငံသို့ဆန်ကွဲ ၁၅၆ တန်နှင့် ဟန်ဂေရီနိုင်ငံသို့ ဆန်ကွဲအနည်းငယ်တင်ပို့ခဲ့သည်။ အာရှ  တွင် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၁၆၀ နှင့်  စင်ကာပူ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၈၀ တင်ပို့နိုင်သည်။
မေ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း မြန်မာ-တရုတ်  နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၅၅ သန်း တန်ဖိုးရှိ  ဆန်ကွဲ တန်ချိန် ၆၆၁၀ ကျော် တင်ပို့ကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ်မှ  ဆန်ကွဲတင်ပို့မှုတန်ချိန် ၅၉၂၀ဝ  ကျော်တင်ပို့ပြီး တန်ဖိုး  အမေရိကန်ဒေါ်လာ ၂၃ ဒသမ ဝ၆၈ သန်း ရရှိခဲ့သည်။ ဧပြီလဆန်ကွဲတင်ပို့မှုနှင့် နှိုင်း ယှဉ်ပါက ဆန်ကွဲတန်ချိန် ၁၃၀ဝ၀ ကျော်ပိုမိုတင်ပို့ခဲ့ပါသည်။
ယခုလ ဆန်နှင့် ဆန်ကွဲတင်ပို့မှုတန်ချိန် ၁၀၃၂၅၀ ရှိပြီး တန်ဖိုး  အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၄၉၈ သန်း ရရှိခဲ့ ကြောင်း သိရသည်။                        

အေးအေးသန့်(DOT)