Main menu

Background

ပန်းတိမ်မနိုင်ပန်းများ အရောင်းသွက်

Mon, 07/08/2013 - 16:03 -- ydnar

ပဲခူးတိုင်းဒေသကြီး(ပြည်) ပန်း ဈေးကွက်အတွင်းကို ပန်းတိမ်မနိုင် ပန်းများ လှိုင်လှိုင်ဝင်ရောက်နေပြီ ဖြစ် ပါတယ်။ ပေါ်ဦးပေါ်ဖျားအချိန် ဇွန်လ က ပန်းတိမ်မနိုင်ပန်း ၁၀ ခိုင်စည်း တစ်စည်းကို ၁၅၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုလှိုင်လှိုင်ပေါများချိန်မှာတော့ ပန်းခိုင်အကြီးအသေးအလိုက် ၁၀ ခိုင် တစ်စည်းကို ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိသာရှိပါတယ်။  ပန်းတိမ်မနိုင် ပန်းမှာအခိုင်ရင့်ရင် တစ်လခန့်အထားခံ တာကြောင့် ဝယ်ယူသူအတွက် တွက် ခြေ ကိုက်ပန်းမျိုးဖြစ်တဲ့အပြင် ရန်ကုန် ဈေးကွက်ကိုပါတင်ပို့တာကြောင့်အရောင်း သွက်နေပါတယ်။ အိဆွေဇင် - ပြည်