Main menu

Background

ရေလမ်းမှ ချင်းတန်ချိန် ၃၀၀ကျော်တင်ပို့

Fri, 06/29/2018 - 13:09 -- journal_editor

ဇွန်လ ၁၀ ရက်မှ ၁၆ ရက် သီတင်း ပတ်အတွင်း ချင်း ၃၅၂ တန်ကို ပင်လယ် ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါ တယ်။ ဒီတစ်ပတ်   သီရိလင်္ကာနိုင်ငံသို့ တန်ချိန်၃၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့   ၁၈၇ တန်နဲ့စင်ကာပူ နိုင်ငံသို့ ၁၃၅ တန် တင်ပို့ ခဲ့ပါတယ်။ ဒီတစ်ပတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အများဆုံး  တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ ချင်းတန်ချိန် ၇၇၀ ကျော်နဲ့  နှိုင်းယှဉ်ရင် တန်ချိန် ၄၂၀ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ချင်းစိုတစ်တန်ကို ပျမ်းမျှအမေ ရိကန်ဒေါ်လာ ၇၀၀ ကျော်ရရှိခဲ့ပြီး ချင်းစိုတစ်တန် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၂၀၀ ဝန်းကျင်ရရှိခဲ့ပါတယ်။ ဒီတစ်ပတ် ချင်းတင်ပို့မှုမှအမေရိကန်ဒေါ်လာ ၉၃၅၂၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။                                            

သီတာဝင်( DOT )