ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်တွင်ဒီဇင်ဘာတတိယပတ်စပါးဈေး အနည်းငယ်မြင့်လာသော်လည်းဆန်ဈေးမှာဈေးငြိမ်နေခဲ့သည်။ ပြည်ခရိုင်ရှိ မြို့နယ်များမှ ရန်ကုန်သို့အများဆုံးတင်ပို့မှုရှိပြီး တစ်ရက်လျှင် ဆန်အိတ်ရေ ၃၈၀ဝ၊ တန်ချိန် ၁၉၀အထိတင်ပို့ရောင်းချမှုရှိကြောင်း သိရသည်။ပြည်ခရိုင်မြို့နယ်များအတွင်း ဖြစ်ပေါ်နေသောစပါးဈေးနှုန်းများမှာ ဧည့်မထအုပ်စု စပါးတင်း၁၀ဝလျှင်ကျပ် ၆၅၀ဝ၀ဝ-၆၆၀ဝ၀ဝ ၊မှော်ဘီစပါးအုပ်စုမှာ ကျပ် ၇၁၀ဝ၀ဝ၊ဒေသထွက် တောင် ပျံပေါ်ဆန်းစပါးဈေးမှာ ကျပ် ၈၅၀ဝ၀ဝ ဖြစ်သည်။ ဧည့်မထအုပ်စုအနေနဲ့ ကရင်မဆန် ၂၄ ပြည် တစ်အိတ်လျှင်ကျပ် ၂၃၀ဝ၀-၂၅၀ဝ၀၊မနောသုခတစ်အိတ်လျှင် ကျပ် ၂၂၅၀ဝ၊ ကျော်ဇေယျဆန်တစ်အိတ်လျှင်ကျပ် ၂၃၀ဝ၀၊ အထူး ဧည့်မထ အုပ်စုဖြစ်သောရိုးနီဆန်တစ်အိတ်လျှင် ကျပ် ၃၃၀ဝ၀ထိ ဈေးရှိပြီး တောင်ပျံမွှေးဆန်တစ်အိတ်လျှင်ကျပ် ၄၀ဝ၀ဝ ဖြင့် ပြည်ခရိုင်အတွင်မြို့နယ်များတွင် အရောင်းအဝယ်ဖြစ်ပြီးစပါးဈေးမှာအနည်းငယ်မြင့်၍ဆန်ဈေးငြိမ်နေ သည့် အတွက် ဆန်စက်ပိုင်ရှင်များအနေဖြင့်တွက်ခြေကိုက်မှုနည်းပါးကြောင်း သိရှိရသည်။
လွင်လွင်ဆန်း(ပြည်)