Main menu

Background

မန္တလေးမြို့တွင်း မြေပဲဆန်နှင့် မြေပဲဆီဈေးကွက်

Fri, 03/04/2022 - 14:33 -- journal_editor

မန္တလေးဈေးကွက်သို့  စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုနှင့် မြင်းမူနယ်မှ  မြေပဲဆန်အသစ်များ  ဝင်ရောက်မှုရှိပြီး မကွေးနှင့် ရေနံချောင်းနယ်တို့မှလည်း အညာဆီဆန်များ  ဝင်ရောက်လျက်ရှိ သည်။ အဆိုပါ   မြေပဲလုံးဆန်များကို ဒေသတွင်း  ရောင်းဝယ်သူများအနေ ဖြင့် မန္တလေးမှတစ်ဆင့်  တရုတ်ဝယ် လက်များမှ အဝယ်ရှိသလို ရန်ကုန်သို့ လည်း တင်ပို့မှုရှိကြောင်းနှင့် မန္တလေး မြို့တွင်းရှိ  ဆီစက်များမှလည်း  စက် ကြိတ်များကောင်းမွန်သဖြင့် ဆီကြိတ်ခွဲ မှုရှိကာ  အဝယ်လိုက်ကြောင်း  သိရ သည်။
မန္တလေးဈေးကွက်၌ လတ်တလော ဈေးနှုန်းအနေဖြင့်  မြေပဲလုံးဆန်(နီ)သစ် တစ်ပိဿာ ကျပ် ၃၀၅၀၊S1  လုံးဆန် တစ်ပိဿာ ကျပ် ၃၂၀ဝ၊ အနီဆီဆန် တစ်ပိဿာ ကျပ် ၂၇၀ဝ ရှိပြီး ယခင်လ တူဈေးနှုန်းမှာ   မြေပဲလုံးဆန်(နီ)သစ် တစ်ပိဿာ ကျပ် ၃၁၅၀၊   S1  လုံးဆန် တစ်ပိဿာ  ကျပ် ၃၁၅၀၊  အနီဆီဆန် တစ်ပိဿာ ကျပ် ၂၇၀ဝ ဈေးနှုန်းများ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် အနီလုံးဆန်အနေဖြင့် တစ်ပိဿာ ၁၀ဝ ကျပ်၊  S1 လုံးဆန် တစ်ပိဿာ  ၅၀ ကျပ်၊ အနီဆီဆန်အနေဖြင့် ဈေးငြိမ်နေသည် ကို တွေ့ရသည်။  မြေပဲဆီဈေးအနေဖြင့် တစ်ပိဿာ ကျပ် ၆၅၀ဝ-၇၀ဝ၀ ဈေးရှိ ကြောင်း သိရသည်။          
 တင်ဇာမျိုး