Main menu

Background

ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းသစ်များရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်ငါးခု ခွင့်ပြု

Mon, 10/13/2025 - 12:24 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး  ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း  ၁၄၆၈ နေရာအတွက် အလုပ်ရရှိမည့်  ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းသစ် ငါးခုကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ကျင်းပ ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့် ပြုပေးခဲ့ကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ရာနှုန်းပြည့် မြန်မာနိုင်ငံ သား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ စက်မှုကဏ္ဍတွင် ရာနှုန်းပြည့် မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတစ်ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခု တို့ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။  အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း၊ ၁၀ဝ ရာခိုင်နှုန်း ပြည်ပတင်ပို့မည့် ပဲအမျိုးမျိုးနှင့် နှမ်း၊ သန့်စင် ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲသန့်စင် ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း၊Mattress  နှင်္င့်Foam အမျိုးမျိုးထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း၊ CMPစနစ်ဖြင့် wearing apparel  အမျိုးမျိုး ချုပ် လုပ်ခြင်းလုပ်ငန်းတို့ကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း  ပမာဏမှာ မြန်မာငွေကျပ် ၆၄၇၃ ဒသမ ၈၀၅ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၉၃ သန်းဖြစ်ပြီး အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ မြှင့်မည့် လုပ်ငန်းနှစ်ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၂၄ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုတိုး