Main menu

Background

အဆင့်မြင့်မင်္ဂလာဈေးသစ် ဆိုင်ခန်းများကို ဘဏ်ချိတ်စနစ်ဖြင့် ဝယ်ယူနိုင်

Tue, 02/03/2026 - 11:23 -- journal_editor

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အဆင့်မြင့် မင်္ဂလာဈေးသစ်ကြီးရှိ ဆိုင်ခန်းများကို ဘဏ်ချိတ်စနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း Sun Myat Tun Construction    ကုမ္ပဏီ လီမိတက်မှ သိရသည်။
လက်ရှိတွင်  Lower Ground Floor  နှင့် (၅)လွှာရှိ ဆိုင်ခန်းများကို ရောင်းချထားပြီးဖြစ်ကာ (၆)လွှာမှ (၈)လွှာ အထိရောင်းချရန် ကျန်ရှိနေသေးကြောင်း သိရသည်။
ရောင်းချရန်ကျန်ရှိသည့် ဈေးဆိုင်ခန်းများ၏ နှုန်းထား မှာ ၁၀ ပေပတ်လည် တစ်ခန်းလျှင် ကျပ်သိန်း ၂၃၀ဝ ကျော်မှ စရှိပြီး ကုမ္ပဏီတိုက်ရိုက်သော်လည်းကောင်း၊ ဘဏ်ချိတ် စနစ် ဖြင့်သော်လည်းကောင်း ဝယ်ယူရရှိနိုင်ကြောင်း၊ ဘဏ်ချိတ် စနစ်ဖြင့် ဝယ်ယူပါက သုံးနှစ်မှ ၁၀ နှစ်အထိ ဝယ်ယူနိုင်မည် ဖြစ်သည်။
အဆင့်မြင့် မင်္ဂလာဈေးကြီးသည် နိုင်ငံတကာအဆင့်မီ လက်လီ၊ လက်ကားဈေးကြီးဖြစ်ပြီး ၁၇ လွှာ အဆောက်အအုံ အဖြစ်  တည်ဆောက်ထားကြောင်း၊ မြေညီ Upper Floor မှ လေးလွှာထိကို ယခင် ဈေးသူဈေးသားဟောင်းများအား ၅ ပေ ပတ်လည် ဆိုင်ခန်းများအဖြစ် ပြန်လည်နေရာချပေးထား ကာ ဆိုင်ခန်းပေါင်း ၆၀ဝ၀ ကျော် ပါရှိသည်။
ထို့ပြင် တစ်နေရာတည်းမှ နယ်မြို့နေရာ အနှံ့အပြားသို့ လက်လီ/ လက်ကား ရောင်းဝယ်ဖောက်ကားနိုင်သည့် တစ်ခု တည်းသော အဆင့်မြင့် လက်လီ/လက်ကား ဈေးကြီးဖြစ်လာ မည်ဖြစ်ပြီး မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ 

ကိုတိုး