တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ တောင်ဘက်အစွန်းတွင် တည်ရှိကာ အရှေ့ဘက် တွင် ထိုင်းနိုင်ငံနှင့် ဆက်စပ်လျက်ရှိပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည်။
ဒေသတွင်း MSMEs လုပ်ငန်းများဖြစ်သော ငါးမုန့်လုပ်ငန်း၊ ဝဥခြောက်လုပ်ငန်း၊ သီဟိုဠ်စေ့ လုပ်ငန်း၊ ရော်ဘာမှိုင်းခံ လုပ်ငန်း၊ ကော်ဖီလုပ်ငန်း၊ ဓနိလုပ်ငန်း၊ ထားဝယ်ရိုးရာပုဆိုးလုပ်ငန်း၊ ငှက် သိုက်လုပ်ငန်း၊ ဒူးရင်းသီးလုပ်ငန်း၊ တံမြက်စည်း လုပ်ငန်း၊ ကွမ်းသီး အခြောက်ခံလုပ်ငန်း စသည် များအပြင် အခြားအသေးစား မုန့်လုပ်ငန်းများ၊ ငါး မွေးမြူရေးလုပ်ငန်း၊ အသင့်စားငါး၊ ပုစွန်ထွက် ပစ္စည်းလုပ်ငန်းများလည်း များပြားစွာရှိပြီး ပြည် တွင်း၊ ပြည်ပတင်ပို့ ရောင်းဝယ်လျက်ရှိသည်။
အဆိုပါ တနင်္သာရီတိုင်းဒေသကြီး၏ ြှနျြ လုပ်ငန်းများကိုလည်း နိုင်ငံတော်၏ချမှတ်သော ရည်ရွယ်ချက်များနှင့်အညီ ဆောင် ရွက်နိုင်ရန် ထားဝယ်ခရိုင် ြှနျြ အသင်းအား ဖွဲ့စည်းမှု တစ်နှစ်ပြည့် နှစ်ပတ်လည်အစည်းအဝေး ကို ထားဝယ်မြို့၊ ထားဝယ်ဟိုတယ်တွင် နိုဝင်ဘာ ၁၅ ရက်က ကျင်းပခဲ့ပြီး ဒေသတွင်း MSMEs ထုတ် ကုန်များကို ခင်းကျင်းပြသခဲ့သည်။
MSMEs ထုတ်ကုန်များအား
(Value added) တန်ဖိုးမြှင့်ထုတ်
ကုန်များထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရန် နှင့် ပြည်ပမှတင်သွင်းမှု အား အစားထိုး ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်မှ လည်း ပြည်ပဝင်ငွေ ပိုမိုရရှိနိုင်ပြီး ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန် MSEs ထုတ်ကုန်များကို ပြည် တွင်း၌အသုံးပြု၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံး ပြုနိုင်ရေး၊ တရားမဝင် တင်သွင်းထုတ်လုပ်ရောင်း ချခြင်းများကို တားဆီးရေးတို့တွင် ပါဝင်ကူညီ ဆောင်ရွက်ရန်၊ တနင်္သာရီတိုင်းဒေသကြီးမှ ထွက် ရှိသော MSMEs ထုတ်ကုန်များကို ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် ပိုမိုကျော်ကြား၍ ရောင်း အားမြှင့်တင်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲများတွင် ပြသနိုင်ရေး ကြိုးစားဆောင် ရွက်ရန်၊ ကုန်ကြမ်းအတိုင်း တင်ပို့မှုထက်ကုန်ချော များ တိုးတက်ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေး၊ နည်းပညာ၊ စက်ကိရိယာ များလိုအပ်မှုအား တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ လူမျိုးများအားလုံး ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ တနင်္သာရီတိုင်းဒေသကြီးသည် ဒေသတွင်း MSMEs ထုတ်ကုန်များအား ပိုမိုတိုး တက်လာအောင် ဆောင်ရွက်ပြီး နောင်တွင် ပြည်ပ သို့တိုက်ရိုက်တင်ပို့နိုင်ပါက ဒေသတွင်း ြှနျြ လုပ်ငန်းများ ပိုမိုတိုးတက်လာပြီး တိုင်းဒေသကြီးမှ သည် နိုင်ငံတော်အတွက်ပါအားကိုးရမည့် MSMEs လုပ်ငန်းများဖြစ်သဖြင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ MSMEs လုပ်ငန်းများ တိုးတက်ရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ရေးသားလိုက်ပါသည်။
စိုးဗြိ(ထားဝယ်)
