Main menu

Background

တစ်နိုင်တစ်ပိုင် အာလူးကြော်လုပ်ငန်း

Mon, 03/21/2022 - 14:06 -- journal_editor

ကျောက်မဲမြို့ (၇)ရပ်ကွက်၌ ထုတ်လုပ်၊ဖြန့်ဖြူး၊ ရောင်းချလျက်ရှိသည့်  အိမ်တွင်းမှုစားသောက်ကုန် လုပ်ငန်းဖြစ်သော    “သင်းရနံ့”အမှတ်တံဆိပ်၏ ကုန်စည်အား မတ် ၃ ရက်တွင် စားသုံးသူရေးရာ ဦးစီး ဌာနမှ ဝန်ထမ်းများ  သွား ရောက်၍ ကုန်ကြမ်းမှတစ် ဆင့် ကုန်ချောအဖြစ်  ထုတ်လုပ်နေမှုများကို ကွင်း ဆင်းလေ့လာစစ်ဆေးခဲ့ကြကြောင်း၊ ယင်းသို့စစ်ဆေး ခဲ့ရာတွင်    ကုန်ကြမ်းပစ္စည်းဖြစ်သော    အာလူးကို အောင်ပန်းမြို့မှ    တိုက်ရိုက်မှာ ယူခြင်း ဖြစ်ကြောင်း၊ အောင်ပန်းမှ အာလူးသည် ယခုလက်ရှိ ဝယ်ဈေးနှုန်း မှာ ပိဿာချိန် ၃၀ တစ်အိတ်လျှင် သယ်ယူစရိတ်အပါ အဝင် ၈၀ဝ၀ဝကျော်ရှိကြောင်း သိရှိရသည်။
ကုန်ချောအဖြစ်     ပြန်လည်ထုတ်လုပ်ရာတွင် အာလူးများကို ညီညာအောင် စက်ဖြင့်လှီးဖြတ်၍ ရရှိ လာသော   အာလူးအဖတ်များကို  ဓာတုဆေးဝါးများ အသုံးပြုခြင်းမရှိဘဲ  သဘာဝရေအေးအေးဖြင့် သုံး ကြိမ်ခန့် ဆေးပြီးလျှင် ဆား၊ ငရုတ်သီးမှုန့်၊ ဟင်းခတ် မှုန့်များနှင့်သမအောင်(နယ်/မွှေ)၍ကြော်ရကြောင်း၊ ထိုသို့ အာလူးများကို ကြော်ရာတွင် ဟင်းသီးဟင်းရွက် ဆီ တစ်မျိုးတည်းကိုသာ   အသုံးပြုရကြောင်း သိရ သည်။
အာလူးပိဿာချိန် ၃၀ ပါ တစ်အိတ်လျှင် ကုန် ချောအဖြစ် ထုပ်ပိုးပြီးသော အထုပ် ၂၅၀ ထုပ်ခန့်ရရှိ ပြီး တစ်ထုပ်လျှင်    ဖောက်သည်ဈေး ၄၀ဝ ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချကြောင်း၊  တစ်ရက်လျှင်   ပိဿာချိန် ၆၀မျှသာ ထုတ်လုပ်နိုင်ကြောင်းနှင့်မြို့တွင်းဈေးကွက် သာရှိကြောင်း သိရှိရသည်။ထို သင်းရနံ့ အမှတ်တံဆိပ် အာလူးကြော်လုပ် ငန်းရှင်အား ဌာနက  ထုတ်ပြန်ထားသည့်  စားသုံးသူ ကာကွယ်ရေးဥပဒေပါ အကြောင်းအရာများကို အသိ ပညာပေး ဆွေးနွေးခဲ့ကြကြောင်းနှင့်  ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ လိုက် နာရန် လိုအပ်သည့်အချက်များအား  သိရှိဆောင်ရွက် နိုင်စေရန် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ကျောက်မဲမြို့
(စားသုံးသူရေးရာဦးစီးဌာန)