Main menu

Background

လားရှိုး လိုင်ချီးသီးများ 

Thu, 06/23/2022 - 16:19 -- journal_editor

ယခုအချိန်တွင် လိုင်ချီးသီးများ လှိုင်လှိုင်ပေါ်နေသည့်အတွက်   ဈေးကွက်အတွင်း  အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။ လိုင်ချီးသီးများကို မြန်မာပြည်အနှံ့အတွင် စိုက်ပျိုးကြပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ  မြို့နယ်များတွင် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရှိရသည်။ နောင်မွန်ကျေးရွာနှင့် နောင်လိုင်ကျေးရါာတို့မှ အများဆုံးစိုက်ပျိုးထွက်ရှိသော လိုင်ချီးသီးများသည်အလုံးကြီးပြီး အရသာ ချိုသောကြောင့် လူကြိုက်များ၍ အရောင်းအဝယ်ကောင်းနေကြောင်းကို သိရသည်။ ၎င်းအသီးများကို လားရှိုးမြို့တွင်းသာမက လောက်ကိုင်မြို့၊ မူဆယ်မြို့၊ ရန်ကုန်၊ မန္တလေး စသည့်မြို့များသို့လည်း တင်ပို့ ရောင်းချနေသည်။ အသီးပေါ်စအချိန်တွင်  တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ ဈေး ယခုအချိန်တွင်  တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀မှ ၂၅၀ဝ ဖြင့် ဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရသည်။ လားရှိုးမြို့ပေါ်ရှိ အိမ်များတွင်လည်း တစ်ပိုင်တစ်နိုင်မိမိတို့၏ အိမ်ခြံဝင်းအတွင်းများ၌ စိုက်ပျိုထားလျက်ရှိကြောင်း သိရှိရသည်။                         
ဂျိုးဇက်(လားရှိုး)