Main menu

Background

ရခိုင်ရေထွက်ကုန်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားသည့်ဈေးကွက်တစ်ခုအဖြစ် ရပ်တည်နေ

Thu, 07/14/2022 - 14:57 -- journal_editor

ရခိုင်ဒေသမှထွက်ရှိသည့်   ရေ ထွက်ကုန်များမှာ  အိမ်နီးချင်းနိုင်ငံဖြစ် သော      ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားသည့်   ဈေးကွက်တစ်ခုအဖြစ် ရပ်တည်နေကြောင်း ပြည်နယ် ငါးလုပ် ငန်းဦးစီးဌာနမှ သိရသည်။ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ် ဇွန် ၁၁ ရက်အထိ    ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာ့ရေထွက်ကုန်  တန်ချိန် ၂၇၁၁ ဒသမ ၈၀  တင်ပို့ထားပြီး အမေ ရိကန်ဒေါ်လာ   ၃ ဒသမ ၃၇၈ သန်း ရရှိထားခြင်းဖြစ်သည်။လက်ရှိတွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရေချို ထွက်ကုန်  တင်ပို့မှုဈေးကွက်ရရှိထားသောကြောင့်   ပြည်နယ် အစိုးရအဖွဲ့နှင့်     ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနတို့မှ    နည်းပညာနှင့် အရင်း အနှီး ဖြည့်ဆည်းမှုဖြင့် ရေချိုငါးမွေးမြူ ရေးကဏ္ဍကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရ သည်။အဆိုပါပြည်နယ်အတွင်း  ရေချိုငါးမွေးကန်စုစုပေါင်း ၅၀ဝနီးပါးရှိသည့် အပြင်Mangrove Friendly Farming System နှင့် မွေးမြူမည့် ရေချိုငါး မွေး ကန် ဧက  ၁၀ဝ၀  ဖော်ထုတ်နိုင်ရန် အတွက်လည်း  နှစ်နှစ် စီမံကိန်းဖြင့် ဆောင် ရွက် နေကြောင်း သိရသည်။ယင်းအပြင်  ပြည်နယ်အစိုးရ ဘတ်ဂျက်ဖြင့်   မင်းပြားမြို့တွင်ရေချို ငါးသားဖောက်စခန်းအသစ်တစ်ခု တည် ဆောက်နေပြီး  လာမည့်ရာသီတွင် သားဖောက်လုပ်ငန်း  ဆောင်ရွက်မည် ဖြစ်ကာ   အဆိုပါ   သားဖောက်စခန်းဝန်းကျင်၌လည်း  မွေးမြူရေးဇုန်တစ်ခု ပေါ်ထွန်းလာရန် စီစဉ်ဆောင်ရွက်နေ ကြောင်း သိရသည်။ဌာနအနေဖြင့် သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုမရှိစေရန်အတွက်  ဒီရေ တော များ ကို    ခုတ်ထွင်ရှင်းလင်းခြင်း မပြုဘဲ  ပုစွန်၊  ကဏန်းမွေးမြူနိုင်သည့်  Mangrove Friendly Farming System ကို    ဦးတည်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။မြန်မာနိုင်ငံအနေဖြင့်    မောင် တောနှင့်   စစ်တွေ နယ်စပ်ဂိတ်နှစ်ခုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ငါးမြစ်ချင်း၊ ငါး ပါးနီ၊   ငါးမုတ်မည်း၊   ငါးသလောက်၊ ကျောက်ပုစွန်၊     ငါးစုံကလေးခြောက်၊ ငါးနီတူခြောက်၊ ငါးကုန်းညိုခြောက်၊ ငါး နှပ်ခြောက်၊ ကင်းမွန်ခြောက်၊ ငါးကွမ်း ရှပ်၊ ရေငန် ငါး၊ ပုစွန်၊ ရွှံ့ကဏန်း၊ကဏန်း ပျော့နှင့် ခုံး(ဂုံး)အစို စသည့်  ရေထွက်ကုန်များကို တင်ပို့လျက်ရှိကြောင်း သိရ သည်။