ပြည်ဒေသတွင်း ထွက်ရှိသည့် မန်ကျည်းမှည့် လက်ကျန်သည် ပွဲရုံလှောင် သမားများ လက်ဝယ်၌ရှိခြင်းကြောင့် အခြားနယ်ဖြစ်ကြသော ကျောက်ပန်းတောင်းမှ ဝင်ရောက်လာသော မန်ကျည်းမှည့်ဈေးမှာ အမြင့်ဈေးဖြစ်သောကြောင့် ဒေသထွက် လက်ကျန် မန်ကျည်းမှည့်ဈေး အနည်းငယ်မြင့်နေသည်။ အရောင်းအဝယ်အနေဖြင့် အေးနေပြီး လှောင်လက်များ လက်ဝယ်ဈေးမြင့်တက်နေသည်။ယခုတစ်ပတ် မန်ကျည်းမှည့် တစ်ပိဿာ(အသား)(ပွဲရုံဈေး) ကျပ် ၃၇၀ဝ ဈေးတို့ဖြစ်သည်။ဒေသတွင်း လက်လီတစ်ပိဿာ အသားဈေးမှာ ကျပ် ၄၃၀ဝတို့ဖြင့်ရောင်းချလျက်ရှိသည်။မန်ကျည်းသီးစိမ်းကိုလည်း ပြည်အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ခူးဆွတ်၍ ပြည်မြို့ရှိဈေးများတွင် ရောင်းချလျက်ရှိသည်။ မန်ကျည်းသီးစိမ်းများ ပေါ်ခါစတွင် ၁၀ ကျပ်သားလျှင် ကျပ် ၁၀ဝ၀-၁၂၀ဝ ဈေးရှိခဲ့ပြီး ယခုဇူလိုင်လ ဒုတိယပတ်တွင် ၁၀ ကျပ်သားလျှင် ကျပ် ၄၀ဝ အထိ ဈေးကျလာခဲ့ပြီး နေ့စဉ် အရောင်းအဝယ်ဖြစ် လျက်ရှိသည်။
အိအိခိုင် (သဲကုန်း)၊ ဝင်းဝင်းခိုင် (ပြည်)