စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်သည် စိုက်ပျိုးမြေ ၂၅၂၇၅၉ ဧကရှိပြီး စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သော မြို့နယ်တစ်ခုဖြစ်သည်။ ပင်းဇင်းရွာလေးသည် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်ပြီး အပူပိုင်းဒေသလည်းဖြစ်သဖြင့် တောင်သူဦးကြီးများ၊ ကောက်စိုက်သမများနှင့်အခြားသော လုပ်သားများ သည် ပေါ့ပါး၍ အပူဒဏ်ခံနိုင်ပြီး အကြမ်းလည်းခံသည့် ဦးထုပ်များကို ဝယ် ယူသုံးစွဲကြရာ ဝက်လက်မြို့နယ် ပင်းဇင်းကျေးရွာတွင် ရက်လုပ်ရောင်းချသည့် ဂျုံရိုးဦးထုပ် များသည်လည်းအပါအဝင်ဖြစ်သည့် အပြင် အများဆုံးအသုံးပြုကြ၍ လူသိများပြီး ဈေးကွက်တွင်နာမည်ကြီးလှသည်။ ပင်းဇင်းကျေးရွာတွင် မိရိုးဖလာလုပ်ငန်းဖြစ်သည့် လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီးဂျုံရိုး ဦးထုပ်ထိုးသည့်လုပ်ငန်းကိုမိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ်ကလေး၊လူကြီးပါမကျန် ဂျုံရိုးကိုရေစို ဝတ်နှင့်ပတ်ပြီး ချိုင်းကြားမှာညှပ်ကာအိမ်အလည်သွားရင်း၊ စကားပြောရင်း၊ လမ်းလျှောက်ရင်း ဂျုံရိုးထိုးကြပါသည်။ ဂျုံရိုးဦးထုပ်ပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် ဂျုံရိုးကို အဓိကအသုံးပြုရပြီး ပင်းဇင်းကျေးရွာတွင် ဂျုံစိုက်ပျိုးခြင်း မရှိသော်လည်း ဝက်လက်မြို့နယ် မြင်တော်ရွာ၊ စွယ်ကွေ့ရွာ၊ သရက်ချိုရွာ၊ ကျောက်ကုန်း ရွာနှင့်စစ်ကိုင်း မြို့နယ်သာဇဉ်ရွာ၊ ဆွမ်းချက်ရွာများတွင်သွား ရောက်၍ဝယ်ယူထားရသည်။တပေါင်းလတွင် ဂျုံစတင်ပေါ်ပြီးယခင် နှစ်က ဂျုံရိုးအခြောက် တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ မှ ၇၀ဝ၀အထိပေးဝယ်ရကြောင်း သိရှိရသည်။ ဂျုံရိုးခြောက်ကို ကြက်ဖတံဆိပ် ပီနံအိတ်ကြီးများထဲတွင်ထည့်၍ ချုပ်ရပြီး လေလုံ/ မိုးလုံအောင် သိမ်း ဆည်းထားရ ကြောင်းနှင့် ကုန်ကြမ်းပစ္စည်းကိုတစ်နှစ်၊ နှစ်နှစ်စာကြို၍ ဝယ်ယူသိုလှောင်ထားကြကြောင်းသိရသည်။ဂျုံရိုးဦးထုပ်ပြုလုပ်ရာတွင် ဂျုံရိုးကိုကျစ်လျစ်အောင် ရေဆွတ် ကျစ်ရပြီး ခုနစ်ပင်၊ ရှစ်ပင်၊ ကိုးပင် စသည်ဖြင့် အမျိုးမျိုးကျစ်ကြသည်။ ဂျုံရိုးဦးထုပ် တစ်လုံးရရန် ကျစ်ပြီးသား ဂျုံရိုးအတောင်ရေ ၄၅ တောင် ရအောင် ထိုးရပါသည်။ ဂျုံရိုးတစ်ပိဿာထိုးလျှင် ဦးထုပ် ၁၂ လုံးရ ကြောင်း သိရှိရသည်။ ဂျုံရိုးဦးထုပ်တစ်လုံးထိုးလျှင် ဂျုံရိုးထိုးခ ကျပ် ၅၀ဝရကြောင်း၊ တစ်ယောက်လျှင် တစ်ရက်ကို နှစ်လုံး ကျော်ထိုးနိုင်ပြီးသွက်သွက်လက်လက်ထိုးနိုင်ပါကသုံးလုံးထိထိုးနိုင်ကြောင်းသိရှိရသည်။ရရှိလာသောဂျုံကြိုးခွေများကိုတာရှည်ခံပြီးနူးညံ့ပျော့ ပျောင်းလာစေရန်တရုတ် က လာသော ချွတ်ဆေးရည်နှင့် အချိန် ၂၄ နာရီကြာအောင် စဥ့်အိုးထဲတွင် စိမ်ထားရပြီး အပ်ချုပ်ကောင်းအောင် နေရောင်တွင် နေဖန့်ရုံပြရပါသည်။ ထိုးပြီးသာ ဂျုံရိုးများ ကို တလိမ့်တုံးနှင်လှိမ့်ပါက ပိုမိုကျစ်လျစ်သေသပ်လှပသော ဂျုံကြိုးခွေများ ရရှိ ပါသည်။ တလိမ့်တုံးနှင့်လှိမ့်ပြီးပါက ဦးထုပ်ရရန် စက်ဖြင့်ချုပ်ရ ကြောင်း၊ အပ်ချုပ် ဆရာ၏လက်ပေါ်မူတည်ပြီးအရွယ်အစား၊ဒီဇိုင်းများသည်ပုံစံအမျိုးမျိုးရကြောင်းသိရှိရသည်။ပင်းဇင်းကျေးရွာတွင် ဦးထုပ်ချုပ်သည့်စက်ချုပ်ဆိုင်၁၀လုံးရှိ၍၎င်း စက်ချုပ် ဆိုင်များမှ ဂျုံရိုးဦးထုပ်ဒိုင်အဖြစ် လုပ်ကိုင်ကြပြီး ဂျုံရိုးထိုး သူများ အနေဖြင့် ဒိုင်ထံမှ ဂျုံရိုးများကို ယူထိုးကြသည်။ တစ်ရက်လျှင် စက်ချုပ်ဆိုင် တစ်လုံးမှာ အလုံးရေ ၆၀ ကျော်ချုပ်နိုင်ကြောင်း၊ ပင်းဇင်းတစ်ရွာလုံး အနေဖြင့် ခြုံငုံကြည့်ပါက ပျမ်းမျှတစ်ရက်လျှင် ဦးထုပ်အလုံးရေ ၆၀ဝ ကျော်မှ ၉၀ဝ ခန့်ထိ ချုပ်နိုင်ကြောင်း သိရှိရသည်။ ဦးထုပ်တစ်လုံးလျှင် ခွေလှိမ့်ခ ၃၀ဝ နှင့်စက်ချုပ်ခ ၅၀ဝ အထိ ဈေးနှုန်းရှိကြောင်း၊ ဂျုံရိုး ဖြင့် ဦးထုပ်အပြင် ရေနွေးဓာတ်ဘူးအစွပ်များ၊ အခင်းများ ပြုလုပ် ရောင်းချ ကြကြောင်း သိရှိရသည်။
ဈေးနှုန်းဈေးကွက်အခြေအနေနှင့်တွက်ခြေကိုက်ညီမှုဂျုံရိုးဦးထုပ်များကို မန္တလေးနှင့် ရွှေဘိုမြို့များသို့အဓိကထားပို့ရပြီး အခြား မြို့များသို့လည်း အလုံးရေ ပေါင်းများစွာ တင်ပို့ရောင်းချရသည်။ ပြန်လည်ရောင်းချသည့်ဆိုင်များသို့ လက်ကား ရောင်းဈေးမှာတစ်လုံး လျှင် ကျပ် ၂၀ဝ၀ နှင့် ၂၁၀ဝ ရှိပြီး အိမ်သို့လာရောက်ဝယ်ယူပါက တစ်လုံး လျှင် လက်လီရောင်းဈေးမှာ ကျပ် ၂၅၀ဝ ရကြောင်း သိရှိရ သည်။ စက်ချုပ်ဆိုင်ရှိသည့် ဂျုံရိုးဦးထုပ်ဒိုင်တစ်ဦးအနေဖြင့် တစ် ရက်လျှင် ဦးထုပ်အလုံးရေ ၆၀ ချုပ်နိုင်ပါက တစ်ရက်လျှင်လက်ကားအကျိုးအမြတ် ကျပ် ၇၀ဝ၀ မှ ၁၃၀ဝ၀ အထိရှိပြီး လက်လီအကျိုး အမြတ် ကျပ် ၁၉၀ဝ၀ ရှိကြောင်း သိရှိရသည်။ ဝက်လက်မြို့နယ် ပင်းဇင်း ကျေးရွာရှိ မိရိုးဖလာလုပ်ငန်းစု တစ်ခုဖြစ်သည့်ဂျုံရိုးဦးထုပ်ရက်လုပ်ရောင်းချခြင်းလုပ်ငန်းသည် ဂျုံရိုးချုပ်သည့်ဒိုင်များသာမက ဂျုံရိုးထိုးသည့်လုပ်သားများ၊ လက်လီ၊ လက်ကား ရောင်းချသူများလည်း မိသားစုဝင်ငွေရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိ၍စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသည့်အပြင်ဂျုံရိုး ဦး ထုပ်ဆောင်းခြင်းဖြင့် နေပူဒဏ် ခံနိုင်ခြင်း၊ ပေါ့ပါးခြင်း၊ အေးမြခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင် ပါသည်။
နှီနီမြင့်(ရွှေဘို)