Main menu

Background

ပြည် မြေပဲဆန်၊ နှမ်းနှင့် ကြံဈေးကွက်

Wed, 09/28/2022 - 14:24 -- journal_editor

ပြည်ခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ မိုးမြေပဲစိုက်ဧကမှာ ၃၇၉၅၃ ဧက စိုက် ပျိုးထားပြီး ယခုအချိန်ထိ ၁၀၉၅၂ဧက ရိတ်သိမ်းပြီးဖြစ်သည်။ ပျမ်းမျှအထွက် နှုန်းအနေဖြင့် တစ်ဧကလျှင်  ၅၈ ဒသမ ၄၉ တင်းထွက်ရှိသည်ဟုသိရသည်။ ပြည်ဈေးကွက်သို့  မိုးမြေပဲဆန်များကို ပြည်-အောင်လံကြားရှိ ကျေးရွာများနှင့် ပေါက်ခေါင်း၊ ကြံခင်း၊ မြန်အောင်ဘက် မှ နေ့စဉ် အိတ်  ၁၅၀ဝ ခန့် ဝင်ရောက်မှု ရှိပြီး ဝင်သလောက် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ မြေပဲဆန် (ရွေးဆန်)ကို  မကွေးမြို့ရှိ  အမေထွားဆီစက်က အဝယ်ရှိသလို   မြေပဲဆန်လုံးဆန်ကို မန္တလေးဝယ်လက်က     မြဝတီပို့ရန် အဝယ်ရှိသဖြင့်   ပြည်ဈေးကွက်တွင် မြေပဲဆန်ရောင်းဝယ်မှုမှာ နေ့စဉ်ဖြစ် လျက်ရှိသည်။   ယခုစက်တင်ဘာလ တတိယပတ်တွင် မြေပဲဆန်ဈေးများမှာ ဆီဆန်တစ်ပိဿာလျှင် ကျပ် ၅၃၀ဝ၊ ရွေးဆန် တစ်ပိဿာလျှင်  ကျပ် ၅၇၀ဝ  နှင့်  လုံးဆန်  တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀-၆၁၀ဝ ဖြင့်  ယခင် စက်တင်ဘာ လဆန်းပိုင်းထက်  မြေပဲဆန်ဈေးများ ကျဆင်းလာသည်။
ပြည်ဈေးကွက်တွင်   စက်တင် ဘာလ   တတိယပတ်၌  မန္တလေးဝယ် လက်များက တရုတ်ပြည်ကို တင်ပို့ရန် အတွက် ဝယ်ယူမှုရှိသဖြင့် နှမ်းဈေးမှာ ဆက်လက်မြင့်တက်လာခဲ့သည်။ ယခု တစ်ပတ် ပြည်ဈေးကွက်တွင် ဖြစ်ပေါ် လျက်ရှိသော  နှမ်းဈေးများမှာ  နှမ်းနီ သုံးတင်းတစ်အိတ်လျှင် ကျပ် ၂၆၀ဝ၀ဝ၊ နှမ်းနက် သုံးတင်း တစ်အိတ်လျှင် ကျပ် ၂၈၀ဝ၀ဝ နှင့်   စမုံနက်နှမ်း သုံးတင်း တစ်အိတ်လျှင် ကျပ် ၃၂၀ဝ၀ဝ  ဖြင့် ယခင်  စက်တင်ဘာလဆန်းပိုင်းထက် နှမ်းဈေးများ   မြင့်တက်လာသည်ဟု သိရသည်။ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင် တွင်  ကြံများစိုက်ပျိုးထားရှိရာ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၌ ပြည်မြို့နယ်တွင် ၇၀၄၇ ဧက၊ ပေါက်ခေါင်းမြို့နယ်တွင်  ၂၀၄၉၅ ဧက၊ ပန်းတောင်းမြို့နယ်တွင်  ၄၀ ဧကနှင့်   ရွှေတောင်မြို့နယ်တွင်  ၂၅၆ ဧက၊  စုစုပေါင်း  ၂၇၈၃၈ ဧက စိုက်ပျိုးထားပြီးဖြစ်သည်။  ယမန်နှစ် အနေဖြင့် ကြံစိုက်ဧက ၃၂၀၉၄ ဧကရှိ ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ကြံတန်ချိန် ၂၂ တန်ခန့်ထွက်ရှိခဲ့သည်။ ကြံတစ်ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျ စရိတ်အနေဖြင့်   ကျပ် ၇၅၀ဝ၀ဝ-၈၀ဝ၀ဝ၀ အထိ  ကုန်ကျခဲ့သည်။ ကြံ တစ်တန်ဈေးမှာ စက်ရုံအရောက် ကျပ် ၅၄၀ဝ၀ ခန့်ရှိခဲ့၍  တစ်ဧကဝင်ငွေမှာ ကျပ် ၁၁၈၈၀ဝ၀ ရှိပြီး တစ်ဧကအကျိုး အမြတ်အနေဖြင့် ကျပ် ၃၈၈၀ဝ၀ ခန့် ရရှိခဲ့သည်။ ယခုနှစ်တွင် ကြံတစ်ဧကစိုက်ပျိုး ထုတ်လုပ်ကုန်ကျစရိတ်မှာ ကျပ် ၁၃ သိန်းခန့်ရှိပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာ လများမှစတင်၍    ကြံများခုတ်သိမ်းရတော့မည်ဖြစ်သဖြင့်   တစ်ဧကလျှင် ကြံတန်  ၂၅ တန် ထွက်ရှိနိုင်မည်ဟု ကြံ စိုက်တောင်သူထံမှသိရသည်။
         ဝေဝေမင်း(ပြည်)