Main menu

Background

ရေနံချောင်း၌ ကြက်သွန်နီ အရောင်းအဝယ်အေး

Wed, 09/28/2022 - 14:30 -- journal_editor

မကွေးတိုင်းဒေသကြီး  ရေနံချောင်း၌  ကြက်သွန်နီ အရောင်းအဝယ်အေးနေပြီး လက်လီစားသုံးသူများကို အဓိက ရောင်းနေရကြောင်း သိရသည်။    ''လက်ရှိ လက်လီ အစိတ်သား ငါးဆယ်သား ရောင်းရ တယ်။ ပိဿာလိုက် ရောင်းရတာ နည်းတယ်။ ဈေးကလည်း မြင့်လာတယ်။  ကြက်သွန်နီဥ  အလတ်အရွယ် တစ်ပိဿာ ကျပ် ၃၀ဝ၀ ရောင်းရတယ်။  စားသုံးသူတွေက အဓိကစား သောက်ရတဲ့ စားကုန်မဟုတ်တဲ့အတွက် ကြက်သွန်နီ လျှော့ သုံးတာကြောင့် အဝယ်အေးတယ်''ဟု ရေနံချောင်းမြို့ မြို့ဈေး မှ ကြက်သွန်နီရောင်းသူတစ်ဦးက ပြောသည်။ ယခင်နှစ်တွင် ကြက်သွန်နီဥ အကြီး၊ အလတ်၊ အသေးများအပြင် အခွံချွတ် ကြက်သွန်နီကို  ရောင်းချကြကြောင်း၊  ကြက်သွန်နီဥကြီး၊
 ဥလတ်တစ်ပိဿာ ကျပ် ၂၀ဝ၀ မှ ကျပ် ၁၅၀ဝ ပေါက်ဈေး ရှိပြီး အခွံချွတ်ကြက်သွန်နီ တစ်ပိဿာ ၅၀ဝ၊ ကျပ် ၄၀ဝ ရှိ၍ ကြက်သွန်ဥကြီး ဈေးကောင်းချိန်မှာ အခွံချွတ်ကြက်သွန်နီ ကို ဝယ်သုံးကြကြောင်း သိရသည်။
သို့သော် ကြက်သွန်နီဥပျံ  (ဥစိုက်သွန်နီများ) စိုက်ကြ တော့မည်ဖြစ်ရာ အစောဆုံးအနေဖြင့် မိတ်ဖြတ်ကြက်သွန် (ကြက်သွန်မိတ်)များ မကြာမီ  အသစ်ပေါ်လာမည်ဖြစ်ပြီး ရှေဆင့် နောက်ဆင့်ဆိုသလို ကြက်သွန်သစ် ပေါ်လာမည်ဖြစ် ကြောင်း ကြက်သွန်တောင်သူ ဦးထွန်းအေးကဆိုသည်။
ဆန်းညွန့် (ရေနံချောင်း)