Main menu

Background

ကိုင်းခရမ်းချဉ်နှင့် နနွင်းဈေးကွက်

Thu, 09/29/2022 - 11:29 -- journal_editor

ရွှေတောင်မြို့နယ်တွင် ခရမ်းချဉ်သီးများကို စစ်ကိုင်း ကျွန်း၊ မင်းတဲကျွန်း၊ ကျီးသဲနှင့် မြို့မတို့တွင်လည်း  အများ အပြား စိုက်ပျိုးကြသည်။ ယခုအချိန်တွင် ဈေးကွက်၌ ခရမ်း ချဉ်သီးများ ဈေးကောင်းရနေကြောင်း သိရသည်။ ရွှေတောင် မြို့နယ်တွင်  ကိုင်းခရမ်းချဉ်သီး  ထွက်ပေါ်လာပြီဖြစ်သဖြင့် ဈေးကွက်တွင် ခရမ်းချဉ်သီးအစိမ်း တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ ခရမ်းချဉ်သီးအမှည့် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဖြင့် ရွှေတောင်မြို့ပေါ်ရှိဈေးကွက်များတွင်သာမက ပြည် ဈေးကွက်နှင့်   ရန်ကုန်မြို့ရှိ  ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။  ယခင်လတွင်  ရွှေတောင်မြို့ ဈေးကွက်များတွင် ကိုင်းခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ဖြင့် ရောင်းချခဲ့သဖြင့် ယခုအချိန်တွင် စက်သုံးဆီဈေး များ မြင့်တက်လာပြီး သယ်ယူပို့ဆောင်နှုန်းထားများမြင့်တက် လာသဖြင့် ခရမ်းချဉ်သီးဈေးများ မြင့်တက်လာကြောင်း သိရ သည်။ပြည်ခရိုင်   ပြည်ဈေးကွက်ရှိ  နနွင်းတက်ပွဲရုံများသို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်းဘက်မှ နနွင်းတက် များ ဝင်ရောက်လျက်ရှိသည်။ ယခင်က ရှမ်းပြည် အောင်ပန်း၊ ကလောနှင့် ပင်လောင်းဘက်မှ ဝင်ရောက်မှုရှိသော်လည်း ယခုအချိန်တွင် ဝင်ရောက်မှုမရှိဘဲ ဒေသတွင်းထွက်ရှိသော နနွင်းတက်များနှင့် ကျောက်ဆည်ဘက်မှလာသော နနွင်းတက် များဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပြည်ဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိသော နနွင်းတက် ဈေးများမှာ  အတက်ချော တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀-၅၀ဝ၀ ဈေးရှိပြီး  အတက်အသေး  အညှပ်တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ဖြင့် ရောင်းချလျက်ရှိသည်။   
ခင်ဆွေဦး(ပြည်)