Main menu

Background

စက်တင်ဘာလအတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၆၆၀ဝ၀ ကျော် တင်ပို့

Wed, 10/12/2022 - 11:45 -- journal_editor

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ တစ်လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ၉ ဒသမ ၇၀၄သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၂၄၃၇၀ ကျော် တင်ပို့ ခဲ့သည်။ စက်တင်ဘာလအတွင်း တင်ပို့မှုများမှာ အာရှနိုင်ငံများ သို့ ဆန်တန်ချိန် ၈၈၇၀ ကျော်၊ ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် ၁၅၄၉၀ ကျော် တင်ပို့ခဲ့သည်။စက်တင်ဘာလအတွင်း နယ်စပ်ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၀၇ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၃၂၀ဝ ကျော် ကို တရုတ်နိုင်ငံသို့ လည်းကောင်း၊ ဆန်တန်ချိန် ၇၀ ကို ထိုင်းနိုင်ငံ သို့လည်းကောင်း တင်ပို့ခဲ့သည်။ဆန်ကွဲတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၀၉ သန်း တန်ဖိုးရှိ  ဆန်ကွဲတန်ချိန် ၂၀၁၈၀ တင်ပို့ခဲ့ပြီး နယ်စပ် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၀ဝ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၈၄၁၀ ကျော် ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည်။စက်တင်ဘာလအတွင်း ကုန်သွယ်မှုနည်းလမ်းနှစ်သွယ်မှ ဆန်တန်ချိန် ၂၇၆၄၀ နှင့် ဆန်ကွဲတန်ချိန် ၃၈၅၉၀ ကျော် တင်ပို့ ခဲ့သည့်အတွက် ဆန်နှင့် ဆန်ကွဲ စုစုပေါင်းတင်ပို့မှုမှာ တန်ချိန် ၆၆၃၃၀ ဖြစ်ကြောင်းသိရသည်။
အေးအေးသန့်(DOT)