Main menu

Background

ပခုက္ကူခရိုင်အတွင်း ဖြစ်ပေါ်နေသော ကြက်သွန်နီ ဈေးနှုန်းဈေးကွက်

Wed, 10/12/2022 - 11:55 -- journal_editor

ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြ သော ပခုက္ကူ၊ ပေါက်၊ ရေစကြို၊ ကမ္မ၊ ယောနယ်ဒေသနှင့် ဆိပ်ဖြူဒေသတို့မှ ဆောင်းစိုက်(ပင်စိုက်) များ အရောင်းအဝယ် ဖြစ်နေသည်။ ပခုက္ကူ ကြက်သွန်နီ ကုန်ဝယ်ဒိုင်သို့ အခြား နယ်များဖြစ်ကြသော မြင်းခြံ၊ တောင်သာ၊ ညောင်ဦးနယ်များမှ လည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေသည်။  စက်တင် ဘာလ ဒုတိယပတ်၏ ကြက်သွန်နီလက်ကားဒိုင် ပြတ်ဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၃၂၅၀၊ အလတ်စ တစ်ပိဿာ  ကျပ် ၂၈၀ဝ၊ အနိမ့်စ တစ်ပိဿာ ကျပ် ၂၂၀ဝ ဖြင့်  နေ့စဉ် ကုန်ချိန် ၁၅၀ဝ၀  ကျော်အရောင်းအဝယ်ဖြစ်နေသည်။ပခုက္ကူ မြို့မဈေးနှင့်  ပန်းခြံဈေးတို့၏   ကြက်သွန် လက်လီရောင်းချသည့် ဈေးနှုန်းမှာ အရည် အသွေးကို လိုက်၍ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၃၆၀ဝ-၃၅၀ဝ ၊ အလတ်စ တစ် ပိဿာ ကျပ် ၃၀ဝ၀-၂၈၀ဝ ၊ အနိမ့်စ တစ်ပိဿာ ကျပ် ၂၆၀ဝ-၂၈၀ဝ ဖြင့် ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပြီး  တင်ပို့မှုအနေဖြင့် မြဝတီနှင့် ရန်ကုန် တိုင်း ဒေသကြီး သို့ တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရသည်။
လှိုင်ဥမ္မာဦး(ပခုက္ကူ)