Main menu

Background

ပဲခူးမြို့ ဒေသထွက် ငါးရံ့ခြောက်

Thu, 10/13/2022 - 13:50 -- journal_editor

ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထား သော တိုင်းတစ်တိုင်းဖြစ်သည်နှင့်အမျှ  မြစ်ချောင်း အင်းအိုင် ပေါများသောကြောင့်    ရေထွက်ပစ္စည်းများဖြစ်သော   ငါးပိ၊ ငါးချဉ်၊ ငါးခြောက်များလည်း  ထွက်သည့်အနက်  ပဲခူးဒေသ ထွက် ငါးရံ့ခြောက်သည်နာမည်ကြီးသည်။ပဲခူးဒေသထွက် ငါးရံ့ခြောက်သည်ဆားပေါ့၍အပေါ့ခြောက်ဖြစ်သည့်အတွက် လူကြီး၊ လူငယ်၊ ကလေး၊ သွေးတိုး၊ ဆီးချိုသမားပါမကျန် စားသုံးနိုင်သောကြောင့်လက်ဆောင်ပေးခြင်းအတွသော် လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိကြသည်။ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံ့များကို ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်များရှိ ရေချိုအင်းအိုင်များမှအများဆုံးရရှိလျက်ရှိပြီး ရရှိလာသော ငါးရံ့များကို အကြေးထိုး၊ ခေါင်းဖြတ်၊ ဗိုက်ခွဲအူထုတ်ပြီး ခွဲသည့်အခါ ပုံကျ အောင် စနစ်တကျခွဲရသည်။  ခွဲပြီးသော ငါးရံ့များကို ငါးရံ့ အစိမ်း ပိဿာ ၁၀ဝ လျှင် ဆား ၃ ပိဿာ ၅၀သားနှုန်းဖြင့် နှပ်ပြီး  တစ်ညစိမ်ရ ကာ မနက်ရောက်လျှင် ရေစင်အောင် လေးထပ်ခန့်ဆေးပြီး နေလှန်းရသည်။ နေလှန်းသည့်အခါတွင် နွေဆိုလျှင် နှစ်ရက်ခန့် ခြောက်ပြီးဆောင်နှင့် မိုးရာသီဆိုလျှင် မီးအပူဖြင့် ကြပ်တင်၍ ခြောက်အောင် လှန်းရသည်။ငါးရံ့ခြောက် ပြုလုပ်ရာ တွင် ငါးရံ့အစို  တစ်ပိဿာကို ကျပ် ၁၆၀ဝ၀ မှ ကျပ် ၁၈၀ဝ၀အထိ အကောင်၊ အကြီး၊အသေး ပေါ်  မူတည်၍ ဝယ်ယူရပြီး အဆိုပါ  ငါးအစိုတစ်ပိဿာကို ခွဲခြမ်းပြီး နေလှန်းရာတွင်  ငါးခြောက်အဖြစ် ၂၅ ကျပ်သားမှ ၃၀ ကျပ်သားခန်ထွက် ရှိသည်။ ငါးရံ့ခြောက်ထုတ်လုပ်သူများအနေဖြင့် ငါးရံ့အစို တစ်ပိဿာကို အခြောက်ပြုလုပ်ရာတွင်ခန့်မှန်းကုန်ကျငွေ ၃၀ဝ၀ဝကျပ်ဖြစ်ပြီး ငါးရံ့ခြောက်တစ်ပိဿာကို ကျပ် ၅၅၀ဝ၀ မှ ကျပ် ၆၀ဝ၀ဝ ဈေးအထိ  ရောင်းချလျက်ရှိသည်။ ပဲခူးဒေသထွက် ငါးရံ့ခြောက်များကိုနယ်ဘက်များအပြင်ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ၊ လွိုင်ကော်  စသည့်ဒေသများအပြင် အခြားဒေသများသို့လည်းဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။                            
 ခိုင်ရွှေဇင်(ပဲခူး)