Main menu

Background

မအူပင်၌ ငါးကန်ပေါ်တွင် ဥစားကြက်မွေးမြူမှု အောင်မြင်

Fri, 03/17/2023 - 13:27 -- journal_editor

မအူပင်ခရိုင် မအူပင်မြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေး မြူရေးကို အခြေခံသည့်မြို့နယ်တစ်ခုဖြစ်သော်လည်း၊ ငါးမွေးမြူရေးအနေဖြင့် ငါးကန်ပေါင်း  ၁၀ဝ၀ ကျော်ရှိ၍  ငါးမွေးမြူရေးလုပ်ငန်းများလည်း အောင်မြင်မှုရရှိနေသည့်  မြို့နယ် တစ်ခုဖြစ်သည့်အလျောက် ယခုအခါတွင် ငါးမွေးကန်အတော်များများတွင် ဥစားကြက်ခြံများကို များပြားစွာ တွေ့မြင်နေရ သည်။

မအူပင်- ရန်ကုန်ကားလမ်းဘေးရှိ ငါးကန်များတွင် ဥစားကြက်များ မွေးမြူထားသည်ကို တွေ့ရှိရသည့်အတွက် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်  ဝန်ထမ်းများသည် မတ်လ ဒုတိယပတ်တွင် မအူပင် ငါးမွေးမြူရေးကန်သို့သွားရောက်၍ ငါးကန်ပေါ်တွင် ဥစားကြက် မွေးမြူထားသော YEE HOT AGRICULTURE & Kives Tock Co., LTD. သို့ ကွင်းဆင်းလေ့လာခဲ့သည်။

အဆိုပါ  ကွင်းဆင်းလေ့လာဆောင်ရွက်မှုတွင် YEE HOT AGRICULTURE & Kives Tock Co.,Ltd. ပိုင်ရှင်က ငါးကန်ပေါ်တွင် ကြက်ခြံ၏အရွယ်အစားမှာ ၃၆ပေ _၂၈၀ပေ အရွယ်ခန့်ရှိပြီး ဥစားကြက်ကောင်ရေ ၆၀ဝ၀ခန့် မွေးမြူခဲ့ သည်။ ဥစားကြက် အကောင်သေး  တစ်ကောင်လျှင် ၁၀ဝ၀ ဖြင့် စတင်ဝယ်ယူမွေးမြူခဲ့ရကြောင်း၊ ကြက်အစာအိတ် တစ် အိတ်လျှင် ကျပ် ၅၀ဝ၀ခန့်ရှိပြီး ငါးလအတွင်း ခြောက်အိတ်၊ ခုနစ်အိတ်ခန့်ကျွေးမွေးခဲ့ရပြီး မွေးမြူပြီး ငါးလကြာသောအခါ ကြက်ဥများ စမ်းဥသည်ကာလသို့ရောက်ရှိပြီး မွေးမြူပြီး ခုနစ်လ မှာစတင်၍  ၁၀ လခန့် ကြက်ဥများ  လှိုင်လှိုင်ဥသည် ကာလ ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ကြက်ဥများ လှိုင်လှိုင်ဥသည့်ကာလတွင် အလုံးကြီး၊ အလုံးလတ်၊ အလုံးသေးများကို တစ်ပိဿာ ကျပ် ၅၂၀ဝ ဖြင့် ရန်ကုန်အစာစက်ရုံမှ ပြန်လည်ဝယ်ယူပြီး ကြက်ဥဈေးကွက် လိုအပ်ချက်များကို မျှတစွာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့ပြင် ဥစားကြက်မွေးမြူရေးမှ အကျိုးအမြတ်ရရှိမှု နည်းပါးသော်လည်း ငါးကန်အတွင်းရှိ မွေးမြူထားသော ငါး များမှာ အစာကျွေးရမှု လျော့နည်းသက်သာပြီး ငါးမွေးမြူရေး မှ အကျိုးအမြတ်ရရှိကြောင်း ထပ်မံရှင်းလင်းဆွေးနွေးခဲ့သည်။

မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဈေးကွက်လိုအပ်လျက်ရှိနေသော ဥစားကြက် မွေးမြူမှုအခြေအနေကောင်းများ ရရှိလာနိုင်စေရေး၊ အရည်အသွေးကောင်း ဥစားကြက်များမွေးမြူမှု အခြေအနေကောင်းများ ရရှိလာနိုင်စေရေး၊ အရည်အသွေးကောင်းဥစားကြက်များ မွေးမြူနိုင်မှုမှသည် ငါးမွေးမြူးရေးကို အထောက်အပံ့ပြုနိုင်မှုအတွက် ရရှိနိုင်မည့်နည်းလမ်းကောင်းများကို ထည့်သွင်းဆွေးနွေးရုံသာမက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို   အကျယ် တဝင့် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။  

CONSUMER(MT)