Main menu

Background

အုတ်တွင်းမြို့နယ် မတ်ပဲနှင့် ပဲတီစိမ်း စိုက်ပျိုးထွက်ရှိမှု

Thu, 03/30/2023 - 14:47 -- journal_editor

တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးအပြီး ဆောင်းသီးနှံအဖြစ် မတ်ပဲ ၁၉၃၉ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိရာ လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ခဲ့သည်။ ယခုအခါတွင် စိုက်ဧကများအားလုံး  ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။ တောင်သူများ၏ ပြောပြချက်အရ တစ်ဧကလျှင်  ပျမ်းမျှ ၁၅ တင်းနှုန်းခန့် ထွက်ရှိကြောင်း၊ ယခင်နှစ်ကထက် အထွက်နှုန်း အနည်းငယ်ကျဆင်းကြောင်း သိရှိရသည်။

ယခုနှစ် မတ်ပဲအထွက်နှုန်း ကျဆင်းရခြင်းမှာ သွင်းအားစုများ ဈေးကြီးမြင့်သဖြင့် တောင်သူများက သွင်းအားစုများကို လျှော့ချသုံးစွဲကြခြင်းကြောင့်ဖြစ်သည်။ ထွက်ရှိသော မတ်ပဲများကို ပွဲရုံများသို့ ရောင်းချကြသည်။ ယခင်နှစ်က မတ်ပဲတစ်တင်းလျှင် ကျပ် ၄၆၀ဝ၀ ရောင်းချရပြီး ယခုနှစ်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ၆၀ဝ၀ဝ ဈေးရှိသည်။

ပဲတီစိမ်းကို ၂၅၇ ဧက စိုက်ပျိုးပြီး မြေအမျိုးအစားပေါ် မူတည်၍ တစ်ဧကလျှင် ၁၅ တင်းမှ ၂၂ တင်းအထိ ထွက်ရှိကြောင်း၊ အထွက်နှုန်းမှာ ယခင်နှစ်ကထက် ကွာခြားမှုမရှိကြောင်း သိရှိရသည်။ ယခင်နှစ်က ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၅၈၀ဝ၀ ရှိပြီး ယခုနှစ်တွင် ကျပ် ၆၇၀ဝ၀ ရောင်းချရကြောင်း သိရှိရသည်။ 

အေးအေးခိုင်(အုတ်တွင်း)