Main menu

Background

အာဆီယံစီးပွားရေး အသိုက်အဝန်း(အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး  လုပ်ငန်း ကော်မတီများနှင့် (၁/၂၀၂၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

Mon, 05/22/2023 - 14:23 -- journal_editor

အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများနှင့် (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်  ဦးဆောင်၍ မေ ၈ ရက် မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ရုံးအမှတ်(၁)  နေပြည်တော်၌  ကျင်းပသည်။ အစည်း အဝေးသို့ လုပ်ငန်းကော်မတီ ၂၂ ခုမှ ဒုတိယဝန်ကြီးများ၊ အမြဲ တမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ စုစုပေါင်း ၆၀ ခန့် တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင်  မြန်မာနိုင်ငံ၏ စီးပွားရေး ပိုမို ကောင်းမွန်လာစေရေးအတွက် ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်း စီးပွားရေးတို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊  မြန်မာနိုင်ငံ အနေဖြင့်  ၂၀၂၂ ခုနှစ် အတွင်း ဆောင်ရွက်ခဲ့သည့် အေအီးစီ လုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ရန်လုပ်ငန်းများကို ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရန်အတွက် အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ 
၂၀၂၃ ခုနှစ် အာဆီယံက ဦးစားပေး ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းခေါင်းစဉ် ၁၆ ခုနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ယင်းလုပ်ငန်းများသည်  အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးအတွက်ပါ ကိုဗစ်(၁၉) အလွန် ဈေးကွက်ပြန်လည် ချိတ်ဆက်နိုင်မည့် အရေးကြီးသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများလည်း ပါဝင်ကြောင်း၊ တချို့လုပ်ငန်းများသည် ကဏ္ဍအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်၍ အားလုံးပါဝင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊  အေအီးစီအနေဖြင့်  ယခုနှစ်တွင် နှစ်အလိုက် အကောင်အထည်ဖော်ရန်အတွက်လည်း လုပ်ငန်း ၁၁၈ ခုကို ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံက  အေအီးစီလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အခြားအာဆီယံနိုင်ငံများနှင့်အတူ ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊ အာဆီယံအနေဖြင့် တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှု အခြေခံဒေသကို အကောင်အထည်ဖော်ရာတွင် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍအလိုက် မိမိတို့နိုင်ငံအနေဖြင့် ဆောင်ရွက်နိုင်မှု အခြေအနေကို ပြန်လည်လေ့လာ၍ လက်ရှိ နိုင်ငံ၏မူဝါဒနှင့်အညီ အကောင်အထည်ဖော်မှုများကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  ဆောင်ရွက်သည့် လုပ်ငန်းများသည် လက်တွေ့ကျကျ  အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရန်  ကျန်ရှိသည့် လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ  အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ၏   ဖွံ့ဖြိုးတိုးတက်မှု  အရှိန်ကိုလည်း ပိုမိုရရှိမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်  သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီး ဌာနမှ  ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိက ၂၀၂၂  ခုနှစ်အတွင်း အေအီးစီ လုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၃ ခုနှစ် အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ  အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ 
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လုပ်ငန်းကော်မတီအလိုက် ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြခဲ့သည်။
ထိုသို့တင်ပြရာတွင် လုပ်ငန်းကော်မတီများက   မြန်မာနိုင်ငံနှင့်  ကျန်အာဆီယံနိုင်ငံများအကြား  အခွန်နှစ်ထပ် မကျခံစေရေးအတွက် ဆောင်ရွက်မှုများ၊ ဒေသတွင်း အခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကောင်းမွန်‌သော စီမံမှုလုပ်ထုံး လုပ်နည်းများ ကျင့်သုံးနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်နှင့် သတ္တုဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ စားနပ်ရိက္ခာ လုံခြုံရေးအတွက်  ဒေသတွင်း ဆောင်ရွက်နေသည့် ပူးပေါင်းဆောင်ရွက်မှု၊  အကောင်အထည်ဖော်မှုနှင့် အပြန်အလှန် နားလည်မှု စာလွှာအရ အာဆီယံဒေသတွင်း ကျွမ်းကျင်လုပ်သားများ သွားလာလုပ်ကိုင်နိုင်ရေး ကိစ္စ္စများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ဖြေလျှော့မှုများအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ၊   အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်၊  ပုဂ္ဂလိက အခန်းကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍ၊   ဒီဂျစ်တယ်နည်းပညာ၊ စားသုံးသူ ရေးရာ၊  ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး အစီအစဉ်၊ စာရင်းအင်း၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊  အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများ၊ စွမ်းအင်ကဏ္ဍဆိုင်ရာ စသည့် ဒေသတွင်းပူးပေါင်း‌ဆောင် ရွက်မှုလုပ်ငန်းများကို  ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရန် ပြောကြားသည်။ 
အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို မြန်မာနိုင်ငံ အနေဖြင့် အေအီးစီလုပ်ငန်းများ အကောင်အထည်ဖော်မှုများကို  ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ ၂၂ ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ် သည်။ 
အဆိုပါ  လုပ်ငန်းကော်မတီများ၏  ဥက္ကဋ္ဌများအဖြစ် ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်များက လည်းကောင်း၊ အတွင်းရေးမှူးများအဖြစ် ညွှန်ကြားရေးမှူးချုပ်များက လည်း ကောင်း၊  သက်ဆိုင်ရာဌာနများက အဖွဲ့ဝင်များအဖြစ် လည်း ကောင်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
  DICA