Main menu

Background

ပြည်တွင်းရွှေဈေး ကျပ်သိန်း၃၀ ကျော် ပြင်ပပေါက်ဈေးရှိ

Tue, 05/23/2023 - 11:55 -- journal_editor

လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ်သိန်း ၃၀ ကျော်တွင်ရှိနေ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် နှစ်ပတ်တာကာလအတွင်း ကျပ်သိန်း ၃၀ နီးပါး ဖြစ်ပေါ်ခဲ့ သည့် ပြည်တွင်းရွှေဈေးနှုန်းမှာ မေ ၈ ရက်မှစတင်ကာ ကျပ်သိန်း ၃၀ ကျော်သို့ ရောက်ရှိ လာခြင်းဖြစ်သည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ မေ ၁၁ ရက်တွင် တစ်အောင်စ ၂၀၁၃ ဒေါ်လာ၊ ၁၂ ရက်တွင် ၂၀ဝ၈ ဒေါ်လာ၊ ၁၃ ရက်တွင် ၂၀၁၀ ဒေါ်လာ၊ ၁၄ ရက်တွင် ၂၀၁၄ ဒေါ် လာ၊ ၁၅ ရက်တွင် ၂၀၁၈ ဒေါ်လာ၊ ၁၆ ရက်တွင် ၂၀၂၀ ဒေါ်လာ၊ ၁၇ ရက်တွင် ၁၉၈၈ ဒေါ်လာ၊ ၁၈ ရက်တွင် ၁၉၉၁ ဒေါ်လာဖြစ် ကြောင်း သိရသည်။ ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းများအနေ ဖြင့် မေ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၀ဝ၅၀ဝ၀၊ ၁၃ ရက်တွင် ကျပ် ၃၀ဝ၂၀ဝ၀၊ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကျပ် ၃၀ဝ၇၀ဝ၀၊ ၁၆ ရက်တွင် ကျပ် ၃၀၂၃၀ဝ၀၊ ၁၇ ရက်တွင် ကျပ် ၃၀၂၀ဝ၀ဝ၊ ၁၈ ရက်တွင် ကျပ် ၃၀၁၇၀ဝ၀  ဖြစ်ကြောင်း  သိရသည်။                                                                                                

 

         ပန်းဆု