Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၁၈၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Tue, 05/23/2023 - 12:01 -- journal_editor

မေ ၄ ရက်မှ ၁၇ ရက်အထိ   စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုးကျပ်သန်း ၁၈၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိပ်ချိန်း (ှ့ဌ) မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင် ရေ စုစုပေါင်း ၇၅၆၇၈ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၈၇ ဒသမ ၇၁ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏   အစုရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့် Myanmar Investemetn (FMI) က အစုရှယ်ယာ ၆၃၅၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅၁ ဒသမ ၅၄ သန်း၊Myanmar Thilawa SEZ Holdings Public (MISH)က အစုရှယ်ယာ ၁၉၆၉၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅၅ ဒသမ ၅၅ သန်း ရရှိ ခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် MCB  က အစုရှယ်ယာ ၅၁၈ ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃ ဒသမ ၆၃ သန်း၊ ပထမပုဂ္ဂလိကဘဏ် (FPB) က အစု ရှယ်ယာ ၄၅၃၃၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆၅ ဒသမ ၆၆ သန်း ရရှိခဲ့သည်။
ထို့အတူTMH Telecom Public (TMH) အစုရှယ်ယာ ၂၃၆၂ ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုးကျပ် ၅ ဒသမ ၉၁ သန်း၊ Ever Flow River Group Public (EFR)  က အစုရှယ်ယာ ၅၇၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၄၆ သန်း၊ Holding Public Co Ltd (AMATA) က အစုရှယ်ယာ ၈၃၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃ ဒသမ ၉၇ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။

       ပန်းဆု