
ဝဥသည် အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသမျိုးရင်းဖြစ်ပြီး အရှေ့ တောင်အာရှ၊ တောင်အာရှ၊ မာဒါဂတ် စကာ၊ နယူးဂီနီနှင့် ပစိဖိတ်ကျွန်းစုဒေသ တွေမှာ သဘာဝအတိုင်း အများအပြား တွေ့ရှိရသည်။ ဝဥသည် Araceae (ခေါ်)ပိန်းမျိုးရင်းဖြစ်ပြီး ရုက္ခဗေဒ အမည်မှာ Amorphophallus Compan- ulatus Blume ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Elephant Foot Yam (or) White Yam ဖြစ်သည်။ ဝဥကို မြန်မာနိုင်ငံ၌ နေရာအနှံ့ စိုက်ပျိုးကြပြီး သစ်ရိပ်၊ ဝါးရိပ်၊ အစိုဓါတ်ကောင်းသည့် နေရာများတွင် သဘာဝအလျောက် တွေ့ရှိနိုင်ပြီး နှစ်ရှည်ခံအပင်ပျော့မျိုး ဖြစ်ကာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင်ပျိုးထောင်ပြီး မေလနှင့်ဇွန်လ များတွင် စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးရသည်။
မိုးအကုန်တွင် တူးဖော်ရိတ်သိမ်းနိုင်ပြီး မြေကြီးထဲတွင် ရှိနေခဲ့သော ကာလအချိန်အလိုက် ဝဥအရွယ်အစား၊ အလေးချိန်ကွာခြားမှုရှိသည်။ တူးဖော်ရရှိလာသော ဝဥများကို ဥအတိုင်း ရောင်းဝယ်၍သော် လည်းကောင်း၊ ဝဥကို အခြောက်ပြုလုပ်၍ သော်လည်းကောင်း ရောင်းဝယ်ကြ သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ဝဥ များကို တရုတ်နင်ငံနှင့် ဂျပန်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသည်။ ဝဥကို စား သောက်ကုန်များအဖြစ် ထုတ်လုပ်ခြင်း၊ စက်မှုကုန်ကြမ်းပြုလုပ်ခြင်း၊ အလှကုန်ပစ္စည်းများတွင် အသုံးပြုခြင်းနှင့် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုကြသည်။
ဝဥကို စားသုံးခြင်းဖြင့် ဆီး ကောင်းခြင်း၊ ဝမ်းဗိုက်အတွင်းရှိ အစိုင် အခဲများအား ကျေစေပြီး ကိုယ်တွင်း သကြားဓာတ်ပမာဏကို ထိန်းညှိရာ တွင် ကောင်းမွန်သည့်ဓာတ် ဖြစ်သည့် အတွက် သွေးတိုးခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်း ရောဂါများမှ ကာကွယ်ပေး နိုင်သည်။ ထို့ပြင် အမျှင်ဓာတ် ကြွယ်ဝသည့်အတွက် အစာချေစနစ်ကို အထောက်အကူပြုပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သည်။ သို့သော် မြန်မာနိုင်ငံတွင် ဝဥကို စီးပွားဖြစ်စိုက်ပျိုးမှု နည်းပါးလျက်ရှိသေးခြင်း၊ ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရန် နည်းပညာများ လိုအပ်လျက်ရှိသေးကြောင်း တွေ့ရှိရပေသည်။
အောင်ထက်ဖြိုး(DOCA TGI)