Main menu

Background

လှမ်းခဲ့ပါလေ တိုင်းဌာနေ ကျွန်မတို့ရဲ့ရွှေညာမြေ

Tue, 07/18/2023 - 13:37 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)
စန္ဒကူးကျောင်းတော်ရာဘုရားသည်  ပွင့်ဖြူမြို့နယ်ရှိ လယ် ကျင်းကျေးရွာတွင် တည်ရှိသည်။  မြတ်စွာဘုရားသည်  သာဝတ္ထိ၌ သီတင်းသုံးနေစဉ် သုနာပရန္တတိုင်းမှ မဇ္ဈိမသို့ ကုန်ရောင်းသွားကြသည့် ကုန်သည်အကြီးအမှူး မဟာပုဏ္ဏသည်တရားနာခွင့်ရခဲ့သည်။ 
ထို့နောက် လှည်းစခန်း၌ပင် ဆွမ်းချက်ကပ်လှူရာမှ ကုန်သည် တို့အပြန်တွင် မဟာပုဏ္ဏက ရဟန်းပြု ကျန်ရစ်ခဲ့သည်။   မဟာပုဏ္ဏ မထေရ်၏ညီစူဠပုဏ္ဏသြွူကယ်သည် ဝါဏိဇ္ဇဂါမရွာသား ငါးရာသော ကုန်သည်တို့နှင့်အတူ   ကုန်ရောင်းဝယ်မှုအတွက်  သမုဒ္ဒရာခရီးဖြင့် သင်္ဘောလွှင့်သွားကြလေသည်။ သင်္ဘောသည် မကြာမြင့်မီ သမုဒ္ဒရာ ၏အလယ် စန္ဒကူးနီပင်များကို တွေ့မြင်ကြလေရာ အားရဝမ်းသာဖြင့် သင်္ဘောတွင် ပါသမျှကုန်တို့ကို ထိုကျွန်း၌ချပြီးမှ စန္ဒကူးနှစ်တို့ကိုသာ ခုတ်ဖြတ်၍ သင်္ဘောအပြည့်တင်ဆောင် ထွက်လာကြသည်။  ကျွန်းမှ ဆုတ်ခွာ၍ အနည်းငယ်ကွာသော   အရပ်သို့ရောက်လျှင်ပင် စန္ဒကူး တောကို စိုးမိုးကြကုန်သော နတ်ဘီလူးတို့သည် ကောင်းကင်ခရီးဖြင့် လိုက်လာကြပြီးလျှင်   လှိုင်းတံပိုးတို့ထစေခြင်း၊ ကြောက်မက်ဖွယ် ကောင်းသော   ကိုယ်အဆင်းသဏ္ဌာန်၊ အသံ၊ အနံ့တို့ကိုဖြစ်စေခြင်း ဖြင့် ဝိုင်းဝန်းခြောက်လှန့်ကြလေသည်။ ထိုအခါ စူဠပုဏ္ဏသြွူကယ်သည် နောင်တော်မဟာပုဏ္ဏမထေရ်အား တမ်းတတိုင်တန်းကာ  ကူညီပါ မည့်အကြောင်းတောင်းပန်လေသည်။   ထိုခဏ၌ပင်လျှင် မဟာပုဏ္ဏ မထေရ်သည် ဒိဗ္ဗစက္ခုအဘိÓဏ် ဖြင့် မြင် တော်မူ၍ကောင်းကင်ခရီးမှ ြွကလာတော်မူပြီးလျှင် ညီတော်နှင့်တကွ ငါးရာသောရွာသားတို့အား ဝါဏိဇ္ဇဂါမသို့ဘေးအန္တရာယ်မရှိစေဘဲ လျင်မြန်စွာ ခေါ်ဆောင်ခဲ့လေ သည်။ မဟာပုဏ္ဏမထေရ်၏   ကျေးဇူးတော်ကြောင့် အသက်ဘေးမှ ချမ်းသာရာရသော ရွာသားတို့သည် စန္ဒကူးနှစ်တို့ကို    အခြားပြုဖွယ် ကိစ္စ၌မသုံးတော့ဘဲ မဟာပုဏ္ဏမထေရ်အား    လှူဒါန်းလိုက်ကြပါ သည်။ မဟာပုဏ္ဏမထေရ်လည်း မြတ်စွာဘုရားအား ရည်မှန်း၍စန္ဒကူး ဖြင့်ပြီးသော ကျောင်းတော်ကို စီမံဆောက်လုပ်လေသည်။
ကျောင်းတော်မပြီးမချင်း    မြတ်စွာဘုရားသည်   ဇေတဝန် ကျောင်းတော်မှ ညချမ်းသောအခါတို့၌ ကျောင်းတော်ဆောက်ရာသို့ အကြိမ်ကြိမ် ြွကလာတော်မူပြီးလျှင်   မြတ်သောဈာန်ချမ်းသာဖြင့် သီတင်းသုံးနေတော်မူလေသည်။ ကျောင်းတော်ပြီးစီးသွားသောအခါ မဟာပုဏ္ဏမထေရ်သည် ဇေတဝန်ကျောင်းတော်သို့ ကောင်းကင်ခရီး ဖြင့် ြွကသွားတော်မူပြီးလျှင် မြတ်စွာဘုရားအား စန္ဒကူးနှစ်ကျောင်း တော်ကို အလှူခံတော်မူပါမည့်အကြောင်း  ပင့်လျှောက်လေသည်။ မြတ်စွာဘုရားလည်း ပြာသာဒ်ယာဉ်ပျံ(၅၀ဝ)တွင် ရဟန္တာငါးရာတို့အား အြွေခအရံပြုလျက် လိုက်ပါစေပြီး ကောင်းကင်ခရီးဖြင့် ကျောင်းတော် သို့ ြွကလာတော်မူခဲ့သည်။ ဂန္ဓာရုံကျောင်းတော်၌  ခုနစ်ရက်ပတ်လုံး သီတင်းသုံးနေ တော်မူပြီးလျှင် ရောက်လာကုန်သော  ပရိသတ်တို့ အား စရိုက်နှင့်လျော်စွာ ဒေသနာရေအေး  တိုက်ကျွေးတော်မူလေ သည်။ 
ထို့နောက် ဆွမ်းခြွံကတော်မူရာ နမ္မဒါ မြစ်နားသို့ ရောက်တော် မူသည်။ထိုမြစ်၌နေသော နမ္မဒါနဂါးမင်းက ဘုရားသခင်အားကိုးကွယ် ဆည်းကပ်ရန် တစ်စုံတစ်ရာကို  ပေးသနားတော်မူခဲ့ပါရန် လျှောက် ထားသည့်အတွက် ခြေတော်ရာပါဒစေတီကို   တည်ထားတော်မူခဲ့ သည်။ ထိုစက်တော်ရာကို အောက်စက်တော်ရာဟု ခေါ်သည်။ ထိုမှ တစ်ဆင့်   သစ္စဗန္ဓတောင်ထိပ်သို့ ြွကတော်မူပြန်ရာ သစ္စဗန္ဓရသေ့ လျှောက်ထား တောင်းပန်ချက်အရ   စက်တော်ရာပါဒစေတီတစ်ဆူ ကို ချတော်မူခဲ့ပြန်သည်။  ဤဒုတိယ ခြေတော်ရာကို အထက်စက် တော်ရာဟု ခေါ်တွင်လေသည်။
နောက်ပိုင်းကျောင်းတော်ရာမှာ မဟာပုဏ္ဏမထေရ်၏အဓိဋ္ဌာန် ကြောင့် ကွယ်ပျောက်ခဲ့ရသည်ဟုဆိုသည်။  သာသနာတော် ခေတ္တ ခဏ ကွယ်ပခဲ့သော် အဖိုးထိုက်တန်သော စန္ဒကူးသားဖြင့်  ဆောက် လုပ်ထားသော ကျောင်းတော်ကြီးအား သတ္တဝါများ လောဘ၊ မောဟ၊ ဒေါသဖုံးလွှမ်းကာ ဖျက်ဆီးယူငင်သုံးစွဲမိလျှင် အပါယ်လားကြမည်စိုး သဖြင့် ဖြစ်သည်ဟုဆိုသည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်သို့ မြတ်စွာဘုရား ပြနြွ်ကသွားတော်မူပြီးနောက် ကာလများတွင်  မဟာ ပုဏ္ဏမထေရ်သည်   ထိုကျောင်းတော်၌  နေခဲ့ရလျက် ဘုရားရှင်အား အစဉ်ထာဝရသတိရ၍ ကြည်ညိုမှုပွားများရန် ရည်သန်လျက်မြတ်စွာ ဘုရား ကိန်းဝပ်တော်မူရာ    သရက္ခန်ဂန္ဓာရုံကျောင်းတော်ရာဟု ကမ္ပည်းကျောက်စာ ရေးထိုးထားတော်မူခဲ့လေသည်။   ထိုကာလမှ နောက်   ပုဂံပြည် အလောင်းစည်သူမင်းကြီးလက်ထက်သို့ ရောက် သောအခါ   မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကန်၊ ချောင်း၊ ဆည်မြောင်း အသစ အဟောင်း စုပေါင်းပြုပြင်၊ တိုင်းခွင်လှည့်လည်ခိုက်ကြံသည် နှင့်   ဤလယ်ကိုင်းရှိ မပင်စယဆည်ကိုလည်း ပြန်လည်ဆည်ဖို့တော်မူ လေသည်။ ဤသို့ဆည်တော်ကို ပြုပြင်၍ မြောင်းတာအသစ်ကိုလည်း တူးဖော်မှု ဆက်လက်၍ပြုကြရာ မြောင်းတာတော် တစ်သောင်းအဆုံး ၌ ကျောက်ထပ်မြက်နွယ်တို့  ဖုံးလွှမ်းနေသည်ကို ရှင်းလင်းလေလျှင် ညီညွတ်သောမြေပြင်ကုန်းမှ သခင်မဟာပုဏ္ဏမထေရ် ရေးထိုးခဲ့သော ကမ္ပည်းကျောက်စာကို တွေ့ရှိရလျှင် အလောင်းစည်သူမင်းကြီးသည် သက်တော်ထင်ရှားဘုရားသခင်ကို ဖူးတွေ့ရသကဲ့သို့ များစွာ ဝမ်း မြောက်တော်မူလှ၍ ထိုကမ္ပည်းကျောက်စာနေရာ၌   မုခ်ထွတ်လေး မျက်နှာရှိသော စေတီတော်၊ ကျောင်း၊ သိမ်၊ စင်္ကြံ စသည့် လေးဌာနတို့ ကို တည်ထားဆောက်လုပ်တော်မူခဲ့သည်။ ဤကား ကျောင်းတော်ရာ နေရာ၌ ပထမဆုံးစေတီတည်ထားခြင်းပင်ဖြစ်ပေသည်။ ထို့နောက် မင်းအဆက် ဆက်တို့သည် အကြိမ်ကြိမ် ထပ်ဆင့် မွမ်းမံပြင်ဆင်တော် မူခဲ့ကြသည်။
ထိုကျောင်းတော်ရာ   စေတီတော်မြတ်တွင်  ယခင်ကတစ်နှစ် လျှင် ပွဲတော်နှစ်ကြိမ် ခင်းကျင်းပြုလုပ်သော်လည်း  ယခုအခါတွင် တပေါင်းလပြည့်နေ့ကစ၍ တပေါင်းလပြည့်ကျော် ၈ ရက်နေ့ထိ တစ် နှစ်လျှင် တစ်ကြိမ်သာ  ပွဲတော်ခင်းကျင်းပြုလုပ်တော့သည်။ ကျောင်း တော်ရာ ရှေ့မုန်းမြစ်ကွေ့၌တွေ့ရသော ငါးရာတစ်ထောင် ကောင်ရေ ဖွဲ့စည်း အုပ်လိုက်ကြီးရှိသော ငထွေခေါ်သည့် ငါးများကို  ဘုရားငါးဟု ခေါ်ကြသည်။ ထိုငါးများသည် နှစ်စဉ် ဝါဆိုလပြည့်နေ့ (ဝါထပ်သော ဒုတိယဝါဆို လပြည့်နေ့)တွင် ရောက်လာကာ ဘုရားအနီး မုန်းမြစ်ထဲ ၌ စုဝေးနေကြပြီးနောက် သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့တွင် နှစ်စဉ်မှန်မှန် ပြန်ကြသည်။ ထိုငါးများကို ဖမ်းဆီးစားသောက်သူများ သည် ဝမ်းသွားသွေးအန်အသေမြန်ကြ၍ ယင်းတို့အား ဖမ်းဆီးသတ် ဖြတ်မည်ကြံလျှင် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တို့အား အိပ်မက်ပေး၍ လိုက် အပို့ခိုင်းခြင်းဖြင့် သေဘေးမှလွတ်မြောက်အောင် ကြံဆောင်နိုင်ကြ သည်ဟုဆိုလေသည်။  ထိုငါးများသည် စန္ဒကူးသစ်များ  သင်္ဘောဖြင့် သယ်ဆောင်လာကြစဉ် ငါးအသွင်ပြောင်းလဲလိုက်ပါကြသည့်အစောင့် ဘီလူးများဖြစ်သည်ဟု လူအများ ယုံကြည်ကြသည်။ 
မကွေးတိုင်းဒေသကြီးအတွင်း    ဧရာဝတီမြစ်ကမ်းပါးတစ် လျှောက်၌ ၁၃ရာစုပုဂံခေတ်နှောင်း  ဗိသုကာလက်ရာများနှင့် ခေတ် အဆက်ဆက် စေတီပုထိုးဂူဘုရားများ တည်ရှိရာ  နေရာဒေသတစ်ခု ဖြစ်သော စလေရုပ်စုံကျောင်းတော်မှာ ထင်ရှားကျော်ကြားလှသည်။ စာဆိုပညာရှင် ဦးပုညကို ယှဉ်တွဲလူသိများသည့်   စလေမြို့၊ ရေနံ ချောင်းမြို့နယ်နှင့် ချောက်မြို့နယ်အတွင်းပိုင်းကြီးအတွင်း ဆားလယ် ဒေသနှင့်မကွေးမြို့နယ်မှ မင်းကွန်းမြို့၊ ဆင်ပေါင်ဝဲမြို့နယ်မှ ကျွန်း တော်တို့ဖြစ်ပါသည်။ ပြည်တွင်းဘုရားဖူးခရီးသွားများနှင့် နိုင်ငံခြား သားခရီးသွားများ  သဘောကျ  နှစ်ခြိုက်သည့်နေရာဒေသအများ အပြားရှိနေသည့်အနက် တချို့ကို ကောက်နုတ်ဖော်ပြရပါလျှင် တိုင်းမြို့တော် မကွေးမြို့ရှိ  မြသလွန်စေတီတော်၊ ၂၀၁၄ ခုနှစ်၊ ဇွန်လ တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ခဲ့သော တောင်တွင်းကြီးမြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးသော ဗိဿနိုး၊ ပျူရှေးဟောင်းမြို့တော်တည်ရှိပြီး မကွေးမြို့မှ ဗိဿနိုးသို့အသွား ၂၇ မိုင်တွင်  ပုဂံခေတ်လက်ရာ များ၊ ကုန်းဘောင်ခေတ် လက်ရာများ၊ လွှမ်းခြုံထားသော ရှေးဟောင်း ဂူဘုရားပေါင်း  ၂၇ ဆူ တည်ရှိသည့် မြင်ကွန်းမြို့ရှိပါသည်။ အိမ်ခြေ ၈၀ဝ ခန့်ရှိသော မြင်ကွန်းမြို့တွင်  ထိုသို့ရှေးဟောင်းစေတီပုထိုး များအပြင် ဘုန်းကြီးကျောင်းများ အများအပြားလည်းရှိနေသည်။ 
သို့ဖြစ်ပါ၍ မကွေးမြို့နှင့် ဗိဿနိုးရှေးဟောင်းမြို့သို့သွားသော လမ်းတွင် တစ်ဆက်တည်းဖြစ်သော မြင်ကွန်းမြို့ သည် နောင်တစ်ချိန် တွင် ခရီးသွားများ သဘောကျနှစ်ခြိုက်မည့်  နေရာဒေသတစ်ခုဖြစ် လာမည်ဖြစ်ပါသည်။ မကွေးမြို့မှ ဧရာဝတီမြစ်ကို  အနောက်ဘက် ကမ်းသို့ ဆက်လက်သွားမည်ဆိုပါက မင်းဘူးမြို့တွင်   တည်ရှိသော စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ မင်းဘူးမြို့နှင့် ၃၆ မိုင်ခန့် ကွာ ဝေးသော မန်းရွှေစက်တော်ဘုရားသို့   ရောက်ရှိမည်ဖြစ်ပါသည်။ ရွှေစက်တော်ဘုရားသို့  နှစ်စဉ် ဘုရားဖူးခရီးသွားများ သုံးသိန်းခန့် လာရောက်လျက်ရှိကြောင်း ဘုရားဂေါပကမှတ်တမ်းများအရ  သိရှိရ သည်။ ယင်းမှဆက်၍ ပွင့်ဖြူမြို့သို့ ဆက်လက်သွားရောက်မည်ဆိုပါက စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားသို့    ရောက်ရှိဖူးမြော်ရမည် ဖြစ်သည်။ 
ပြည်တွင်းဘုရားဖူးအများစုသည်   မကွေးမြသလွန်ဘုရား၊ စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ ရွှေစက်တော်ဘုရား၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရားတို့ကို ခရီးစဉ်တစ်ဆက်တည်းအဖြစ် ဖူးမြှော် ကြသည်ကိုတွေ့ရှိရပါးသည်။နိုင်ငံခြားသားခရီးသွားများကမူ မင်းဘူး မြို့ရှိနဂါးပွက်တောင်၊ မကွေးမြို့ရှိ မြသလွန်စေတီတော်၊ မကွေးမြို့မ ဈေးကြီးနှင့် မကွေးမြို့ရှိ  ပန်းပဲဖိုသည်   နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်သောနေရာတစ်ခုဖြစ်နေပြီဖြစ်သည်။ ရွှေစက် တော် ဘေးမဲ့တောနှင့်စလင်းမြို့ရှိ ဝက်သည်းကန်တို့သည်သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ   ထိန်းသိမ်း ဧရိယာ (ဏမသအနခအနိ ဗမနေ)အဖြစ် တည်ရှိနေပါသည်။ စလင်းမြို့သို့ ကိုးကွယ်သော ရွှေမုဌောဘုရားကို ဖူးမြော်ကြရမည်ဖြစ်ပြီး စလင်းမြို့ ရှိ နာမည်ကြီး မြောက်လေးစင် ရုပ်စုံကျောင်းနှင့် ဦးဥတ္တမခံတပ်ကိုး ဆောင်ကျောင်းများကို သွားရောက်လေ့လာနိုင်မည်ဖြစ်ပါသည်။ 
စလင်းမြို့ရှိ အင်္ဂလိပ်စစ် သင်္ချိုင်းသည်လည်း  နိုင်ငံခြားသား ခရီးသွားများအဖို့ စိတ်ဝင်စားစရာ နေရာတစ်နေရာ   ဖြစ်လာနိုင်ပါ သည်။    စလင်းမြို့သို့ သွားရောက်ရာလမ်းရှိ ပွင့်ဖြူမြို့အဝင် လယ် ကိုင်းအရပ်၌   ရှေးဟောင်းဘုန်းကြီးကျောင်းနှစ်ကျောင်းဖြစ်သည့် သစ်သားရုပ်စုံကျောင်းနှင့်   ဖားဝပ်ဘုန်းတော်ကြီးကျောင်းများကို ဝင်ရောက်လေ့လာနိုင်ပါသည်။  မကွေးမြို့မှ ၁၆ မိုင်ခန့်အကွာတွင် တည်ရှိသော မင်းလှမြို့နယ်တွင်  အင်္ဂလိပ်-မြန်မာ ကျူးကျော်စစ် အတွင်းက ထင်ရှားခဲ့သော မင်းလှခံတပ်နှင့်   ယင်းမှတစ်ဆင့် မလွန် တံတားကိုဖြတ်၍ မိကျောင်းရဲသို့လာရောက်ကာ ကွေ့ချောင်း ခံတပ် တို့ကိုလည်း    လေ့လာနိုင်မည်ဖြစ်သည့်အပြင် မိကျောင်းရဲမြို့၏တောင်ဘက် ဧရာဝတီမြစ်အလယ်ရှိ ကျွန်းတော်ရွာမှ ပုဂံခေတ် ရှေး ဟောင်းစေတီပုထိုများကိုလည်း လေ့လာနိုင်မည်ဖြစ်ပါသည်။ မင်းလှ မြို့နယ်၏ ဧရာဝတီမြစ်ခြားလျက် တစ်ဖက်ကမ်းတွင် သရက်မြို့တည် ရှိပြီး သရက်မြို့တွင်လည်း မြန်မာနိုင်ငံ၏ရှေးအကျဆုံး ဂေါက်ကွင်း အဖြစ် ၁၈၈၇ ခုနှစ်တွင်      စတင်တည်ဆောက်အသုံးပြုခဲ့သော သက်တမ်းအားဖြင့် ၁၃၃ နှစ်ရှိပြီဖြစ်သည့်   ဂေါက်ကွင်းနှင့် တူရကီ စစ်သင်္ချိုင်းတို့လည်း တည်ရှိနေ၍ အနာဂတ်   ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်နေရာတစ်ခုဖြစ်နေပါသည်။ နတ်မောက်မြို့တွင် ဗိုလ် ချုပ်အောင်ဆန်းနေအိမ်ပြတိုက် နတ်မောက်မြို့နယ် ပတ်ဝန်းကျင်မှ တွေ့ရှိရသောပစ္စည်းများ  ပြသထားသည့်   ရှေးဟောင်းသုတေသန ယဉ်ကျေးမှုပြတိုက်၊  ပင်းမြို့ဟောင်း သပြေပင်ညီနောင်၊ ရေနံချောင်း မြို့တွင် ပင်းစက္ကလံပစေတီတော်နှင့် ဆားလယ်တောင်ပိုင်းရှိ ပုဂံ ခေတ် ရှေးဘုရားစုများ၊ လေသာကျောင်းအတွင်းရှိ  စကျင်ကျောက် ငယ် စေတီဘုရား၊ မြို့လယ်ကျမ်းကိုင်ဘုရားစု၊ စကျင်ကျောက်ပေါ် တွင် ထွင်းထုပူဇော်ထားသည့် ဗုဒ္ဓဒေသနာတော် ကျောက်စာတိုက် တို့ကိုလည်း ရှုမငြီးဖွယ် လေ့လာနိုင်သည်။
ခရီးသွားလုပ်ငန်းအလွန် ဖွံ့ဖြိုးတိုးတက်နေသော ပုဂံဒေသနှင့် ပခုက္ကူဒေသတို့သည် ဧရာဝတီမြစ်ခြားနေသော   ဒေသတစ်ခုဖြစ် သည်။ အနာဂတ်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို  အမှီပြု၍ ပခုက္ကူဒေသသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါ သည်။ ပခုက္ကူဒေသတွင်   နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်း ခရီးသွားများ သဘောကျနှစ်ခြိုက်မည့် လေ့လာလည်ပတ်စရာ နေရာ များ များပြားစွာတည်ရှိနေပါသည်။ မကွေးတိုင်းဒေသကြီး၏ အကြီး ဆုံးမြို့ဖြစ်သည့် ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူမြို့သည် အင်္ဂလိပ်လက် အောက် မကျရောက်မီက တံငါရွာကလေးတစ်‌ေရွာသာ  ဖြစ်ခဲ့သည်။ ယခုကဲ့သို့ မြစ်ကမ်းပေါ်၌လည်း မတည်ရှိခဲ့ပေ။ ၁၈၈၅ ခုနှစ်တွင် ပခုက္ကူရွာကလေးနှင့်   ဧရာဝတီမြစ်ကြီးကြားရှိ   ကျယ်ပြန့်သော သဲသောင်ကြီး ပျောက်ကွယ်သွားသည့်အတွက်   မြစ်ကြောင်းသည် ပခုက္ကူရွာကလေးအနီးမှ စီးဆင်းသွား၍ ဆိပ်ကမ်းဖြစ်လာပြီး ပခုက္ကူ ရွာကလေးကို အစွဲပြုကာ ၁၈၈၇ ခုနှစ်တွင် ပခုက္ကူမြို့ဖြစ်လာခဲ့သည်။ ပခုက္ကူမြို့ရှိ သီဟိုဠ်ရှင် ဘုရားကို မြို့ခံများက ဘုရားကြီးဟုခေါ်ဆိုပြီး နှစ်စဉ်နှစ်တိုင်း နယုန်လတွင် ဘုရားပွဲတော်ကျင်းပလေ့ရှိကာ အနယ် နယ်အရပ်ရပ်မှ ပွဲဈေးသည်များ၊ ဘုရားဖူးဧည့်သည်များ ဖြင့် ဘုရား ပွဲတော်မှာ အလွန်စည်ကားလှပါသည်။ ထို့ပြင် ပန်းပုလက်ရာ အလွန် မြောက်သည့် ကမ္ဘာ့အံ့ဖွယ်  ရွှေကူတံကဲတော်ကြီးနှင့်ရွှေကူဘုရား၊ဧရာ ဝတီမြစ်ကမ်းနဖူးပေါ်တွင်တည်ရှိသော အသောကမင်းကြီး၏ကောင်း မှုတော် ရွှေမုဌောစေတီ၊ ရွှေတန့်တစ်သရက္ခန်ဘုရား၊ ပုဂံစွယ်တော် လေးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သည့်  တန့်ကြည့်တောင် စေတီ တော်၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့ရှိ ရွှေဂူကြီးဘုရား၊ကုန်းဘောင်ခေတ် ဘုရားနှင့် နံရံဆေးရေးပန်းချီများကို လေ့လာကြည်ညိုနိုင်ပါသည်။ 
ပခုက္ကူမှဆက်လျှင် ၁၂ မိုင်အကွာ ရေစကြိုမြို့နယ် ပုခန်းကြီး ဒေသတွင် ပုခန်းကြီး ရှေးဟောင်းသုတေသနပြတိုက်နှင့်  ပုခန်းကြီးသစ်သားကျောင်းတော်ကြီး၊ ရှေးဟောင်းစေတီပုထိုးများ၊  သရက္ခန် ဘုရားများတည်ရှိရာ စည်သူရှင်မြတ်စွာဘုရား၊ ရှင်မတောင်မြတ်စွာ ဘုရား၊ ပုခန်းကြီးမြို့ဟောင်း၊ ဘကြီးတော်ဘုရားလက်ထက်က  တည် ဆောက်ခဲ့သော တည်ရှိနေပြီး မအူရှေးဟောင်း  သစ်သားတံတားတို့ တည်ရှိနေပြီး ပခုက္ကူမြို့မှ ၂၇ မိုင် ဝေးကွာသော မြိုင်မြို့နယ် ဗဟင်း ကျေးရွာနှင့် ပေါက်ကောင်းကျေးရွာတို့သည်   နှစ်သန်းပေါင်း ၄၀ သက်တမ်းရှိ လူတူပရိုင်းမိတ်မေးရိုးများတွေ့ရှိရာဒေသဖြစ်၍ထင်ရှား လှပါသည်။ မြိုင်မြို့တွင် ယခုအခါ  လူမှုအခြေပြုခရီးသွားလုပ်ငန်း (ဃသာကညငအပ ျြေနိ ွှသကမငျာ)ကို ဖော်ဆောင်လျက်ရှိသည်။ မြိုင်မြို့ အနီးနှစ်မိုင်ခန့်အကွာ အင်းရောင်းကျေးရွာအုပ်စုရှိ ကျေးရွာ လေးရွာ နှင့် ဗခအငသည ဗငိ ပြညောမေ အဖွဲ့တို့ ပူးပေါင်းပြီး ယင်းတိုင်းတောင် ဆည်အနီးတွင် တည်းခိုဆောင်များ ဆောက်လုပ်၍ လူမှုအခြေပြုခရီး သွားလုပ်ငန်းကို ဖော်ဆောင်လျက်ရှိရာတွင် ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၇ ရက်မှ စတင်၍ နိုင်ငံခြားသားခရီးသွားများ  ရောက်ရှိလည်ပတ် လျက်ရှိပါသည်။ 
မကွေးတိုင်းဒေသကြီးတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကော လိပ်နှင့်သိပ္ပံကျောင်းများ ၁၇ ခုရှိသည်။   မကွေးတိုင်းဒေသကြီး၏ အဓိကတွင်းထွက်သယံဇာတမှာ    ရေနံနှင့်သဘာဝဓာတ်ငွေ့ဖြစ် သည်။ ရေနံမြေများမှာ ချောက်ရေနံမြေ၊ ရေနံချောင်းရေနံမြေ၊ထောက် ရှာပင် ရေနံမြေ၊ မင်းဘူးရေနံမြေ၊ မန်းရေနံမြေနှင့်ကျောက်ခွက်လက်ပံ တို ရေနံမြေတို့ ဖြစ်ကြသည်။ မကွေးတိုင်းဒေသကြီးသည်  ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ အဓိကစိုက်ပျိုးပြီး မြန်မာပြည်၏ ဆီအိုးကြီးဟု တင် စားခေါ်ဝေါ်ရသည့်   တိုင်းဒေသကြီးလည်းဖြစ်သည်။ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ စပါး၊    ပြောင်း၊ ကျွန်းသစ်၊ ပိတောက်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်း၊ ပျဉ်းကတိုး၊ ဝါးအမျိုး မျိုးနှင့် အာလူး စသည်တို့  အဓိက စိုက်ပျိုးကြသည်။ မကွေးတိုင်း ဒေသကြီး၏အဓိကစက်မှုဇုန်များမှာ ပခုက္ကူစက်မှုဇုန်နှင့် ရေနံချောင်း စက်မှုဇုန်တို့ဖြစ်ကြသည်။ 
အချုပ်အားဖြင့်ဆိုရလျှင် မကွေးတိုင်းဒေသကြီးသည် စေတီ ပုထိုးများ များပြားခြင်း၊ သဘာဝရှုခင်းများဖြင့် သာယာလှပခြင်းတို့ အပြင် သဘာဝအခြေအနေအရ   ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် နိုင်ရန်အတွက် အခြေခံကောင်းများနှင့် ပြည့်စုံလျက်ရှိနေသဖြင့် လူမှု အခြေပြုခရီးသွားလုပ်ငန်းကို တိုးချဲ့ ၍သော်လည်းကောင်း၊ အခြေခံ ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်းကို  ဖော်ဆောင်ရာတွင်လည်း ကောင်း၊ အောင်မြင်မှုများစွာရရှိနိုင်မည့်   တိုင်းဒေသကြီးတစ်ခုဖြစ် လာနိုင်ပါသည်။ ထို့ပြင် စီးပွားရေးအရလည်း ပဲ၊ နှမ်းစိုက်ပျိုးရေးကို အဓိကအခြေခံလုပ်ကိုင်သည့်အတွက် မြန်မာနိုင်ငံအလယ်ပိုင်း ဆီ အိုးကြီးဒေသအဖြစ် ထင်ရှားလှပါသည်။ ပွင့်ဖြူမြို့ ကုန်းဇောင်း ဧရာ ပဒေသာဆန်မှာလည်း မြန်မာနိုင်ငံတစ်ဝန်းလုံး  စားသုံးနေကြသည့် အပြင် နိုင်ငံခြားပို့ကုန်တစ်ခုအနေဖြင့်လည်း   တင်ပို့ရောင်းချလျက် ရှိသည်။ ဒေသတွင်းထွက်ကုန်များအနေဖြင့် မကွေးမြို့ထွက် မြေပဲ ယို၊ နှမ်းယို၊ မြေပဲလိပ်၊ ဆုံဆီများဖြစ်သော မြေပဲဆီ၊ နှမ်းဆီ၊ ရေစကြို ဒေသထွက် ထန်းသီးမုန့်၊ အမွှေးတိုင်၊ ပခုက္ကူဒေသထွက် ချည်ထည် မျိုးစုံ၊ မြိုင်ဒေသထွက် သနပ်ခါးတို့မှာ  ထင်ရှားကျော်ကြားလှသော ဒေသထွက်ကုန်များဖြစ်ကြသည်။
သို့ဖြစ်ပါ၍ စေတီပုထိုးများ၊ သဘာဝရှုခင်းများ၊ ယဉ်ကျေးသိမ် မွေ့သော ရိုးရာ မြန်မာ့ဓလေ့များ ဖုံးလွှမ်းလျက်ရှိသည့်  လှပသော ဌာနေ ကျွန်မတို့  ဖန်ခါးမြေကို အလည်တစ်ခေါက် အရောက်လာဖို့ ဖိတ်ခေါ်လိုပါသဖြင့် လှမ်းခဲ့ပါလေ တိုင်းဌာနေ ကျွန်မတို့ရဲ့ရွှေညာ မြေဟု ရေးသားတင်ပြလိုက်ရပါသည်။

စန္ဒာစိုးလွင် (မကွေး)