Main menu

Background

မြန်မာ့လက်ဖက်များကို တန်ဖိုးမြှင့်ထုတ်ကုန် လက်ဖက်ဝိုင်အဖြစ် ထုတ်လုပ်ရန် တိုက်တွန်း

Thu, 08/31/2023 - 10:47 -- journal_editor

မြန်မာ့လက်ဖက်များကို တန်ဖိုးမြှင့်ထုတ်ကုန်  လက်ဖက်ဝိုင် အဖြစ် ထုတ်လုပ်နိုင်ရန်    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ    မြန်မာနိုင်ငံလက်ဖက်အသင်းကို တိုက်တွန်းထား ကြောင်း သိရသည်။
လက်ဖက်များကို လက်ဖက်အစို၊လက်ဖက်အခါးခြောက်၊ လက် ဖက်အချိုခြောက်၊ လက်ဖက်အချဉ်ခြောက်၊ လက်ဖက်ဝိုင် စသည်ဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဆန်းသစ်တီထွင်သော နည်းလမ်းများ နှင့် ထုတ်လုပ်ရန် တိုက်တွန်းပြောဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည်   လက်ဖက် စတင်ပေါက်ရောက်ရာ မူရင်း ဒေသများအနက် တစ်ခုဖြစ်သောကြောင့် မိရိုးဖလာစိုက်နည်းစနစ်များ ဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိကာ ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုး ထားသည့်အပြင် မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ 
လွန်ခဲ့သည့် ၁၉၉၁- ၁၉၉၂ ခုနှစ်မှစတင်၍  လက်ဖက်တိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေးကို အမျိုးသားစီမံကိန်းအစီအစဉ်ဖြင့် ကာလတို ငါးနှစ်စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့ရာ  ၂၀၂၀-၂၀၂၁ ခုနှစ်အထိ လက်ဖက်စိုက်ဧကပေါင်း ၂ ဒသမ ၃၉သိန်း စိုက်ပျိုးခဲ့ကြောင်း သိရ သည်။ 
ယင်းနောက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စိုက်ဧက ၂ ဒသမ၄သိန်း အထိ တိုးချဲ့စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်းအနေဖြင့် စီမံ ကိန်း မစတင်မီက ပိဿာပေါင်း ၂၃၀ ခန့်ထွက်ရှိရာမှ စီမံကိန်းကာလ နောက်ပိုင်းတွင် ၂၇၅ ပိဿာ ခန့်ထွက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အထွက်နှုန်းတိုးလာခဲ့သော်လည်း   နိုင်ငံတကာအထွက် နှုန်းနှင့်နှိုင်းယှဉ်ပါက နည်းပါးမှုရှိနေသေးကြောင်း သိရသည်။ 
၂၀၂၀-၂၀၂၁ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် စုစုပေါင်း လက်ဖက်အထွက်နှုန်း ပိဿာပေါင်း ၆၉ သန်းခန့်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် တွင်တော့ မြန်မာ့လက်ဖက်ကို ပြည်ပသို့ တင်ပို့ရောင်းချခဲ့ရာ အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းခန့် ရရှိခဲ့ကြောင်း သိရသည်။
 

ပန်းဆု