Main menu

Background

MTSH အများပိုင် ကုမ္ပဏီလီမိတက်မှ အစုရှယ်ယာရှင်များအား အမြတ်ဝေစု ခွဲဝေပေးမည်

Mon, 10/07/2024 - 14:26 -- journal_editor

မြန်မာသီလဝါ အက်စ်အီးဇက် ဟိုးဒင်းလ်ပက်ဘလစ် အများနှင့်သက်ဆိုင် သော ကုမ္ပဏီလီမိတက်၏ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည့် ဒသမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ဆုံးဖြတ်ချက်အရ ဒါရိုက်တာအဖွဲ့မှ အစုရှယ်ယာရှင်များအား အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။ အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ၅၀ ကျပ်အား အစုရှယ်ယာရှင်များ သို့ ခွဲဝေပေးမည်ဖြစ်ပြီး  အမြတ်ဝေစု ထုတ်ပေးမည့် နေ့ရက်အား ထပ်မံကြေညာပေး မည်ဖြစ်ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် ကုမ္ပဏီ၏ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာ ရေးရှင်းတမ်း၊ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် ပြင်ပ စာရင်းစစ် အစီရင်ခံစာအား အတည်ပြုခဲ့ပြီး ကုမ္ပဏီ၏ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်ရှိ ဘဏ္ဍာရေး အခြေအနေ များအပေါ် အခြေခံ၍ ကုမ္ပဏီမှ အဆိုပြုထားသည့် အမြတ်ဝေစုအား အတည်ပြု ရန်နှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့အတွက် ဒါရိုက်တာအဖွဲ့ဝင်များအား ရွေးချယ် ခန့်အပ်ရန်နှင့် ဒါရိုက်တာအဖွဲ့မှ ခန့်အပ်ရန် အဆိုပြုထားသည့် လွတ်လပ်သော ဒါရိုက်တာများကို အတည်ပြုခဲ့‌ကြောင်း သိရသည်။ 
မြန်မာသီလဝါ အက်စ်အီးဇက် ဟိုးဒင်းလ်ပက်ဘလစ် အများနှင့်သက်ဆိုင် သော ကုမ္ပဏီလီမိတက်သည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ  ကုမ္ပဏီများအက် ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော အများပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ရန်ကုန်စတော့အိတ်ချိန်းသို့ ဒုတိယမြောက် စာရင်းဝင်သည့် ကုမ္ပဏီဖြစ်  သည်။

 

ကိုတိုး