Main menu

Background

ငွေလဲနှုန်းများ တည်ငြိမ်လျက်ရှိနေ

Fri, 08/29/2014 - 08:41 -- ydnar

 

ယခုတစ်ပတ်တွင်လည်း ငွေလဲနှုန်းများသည်ဆက်လက်တည်ငြိမ်လျက်ပင်ရှိနေသေးကြောင်းသိရသည်။ ပြီးခဲ့သည့်သြ ဂုတ်လပထမပတ်ကတည်းကငြိမ်သက်နေသည့်ငွေလဲနှုန်းများသည်ယခုတစ်ပတ်တွင်လည်းဆက်လက်ငြိမ် သက်လျက် ရှိနေကြောင်းသိရသည်။ ငွေဈေးများငြိမ်သက်နေ သော်လည်း

ကမ္ဘာ့ရွှေဈေးမှာဆက် တိုက်ကျဆင်းလာသဖြင့် ငွေလဲနှု န်းများ မြင့်တက်လာနိုင်ကြောင်း ဈေးကွက်အတွင်း ခန့်မှန်းလျ က်ရှိသည်ဟုဆိုသည်။''ငွေလဲနှုန်းကဒီတစ်ပတ်မှာလည်း ဆက်ပြီးငြိမ်နေသေးတယ်။ဒါ ပေမယ့်လည်း ရွှေဈေး့ဲဒေါ်လာေ ဈးကပြောင်းပြန်အချိုးကျနေတာကြောင့ရွှေဈေးကျလာရင် ဒေါ်လာဈေးတက် လာနိုင်တယ်ဆိုပြီး ဈေး ကွက်ထဲ မှာ ပြောေ နကြတယ်။ဒါက ယေဘူယျသဘောပါ ။ဈေးကွက်ရဲ့သဘာဝအရ ဖြစ်နိုင်ပေ မယ့် ဈေးတက် မယ်ဆိုရင် လည်း သိပ်ပြီးတက်လာနိုင်စရာမရှိပါဘူး။ အမေရိကန်က သူ့ငွေတန်ဖိုးကို ခိုင်မာအောင် လို့ ဈေးကိုဆွဲတင် တဲ့အတွက် နိုင်ငံ တကာမှာဒေါ်လာဈေးတက်လာတာကြောင့်သာဒီမှာလည်း ဈေးတက်လာနိုင်တာ ပါ။ခုချိန်ထိ တော့ ငွေဈေးကသိပ်ပြီး လှုပ်လှုပ်ရှားရှား မရှိသေးပါဘူး''ဟု ငွေလဲေ ဈးကွက် အတွင်း ရောင်းဝယ်နေသူ တစ်ဦးကဆိုသည်။ သိမ်ဖြူငွေလဲစင်တာ တွင်ယခုတစ်ပတ်အတွင်း အမေရိကန်တစ် ဒေါ်လာလျှင် ရောင်းဈေး ၉၇၄ ကျပ်၊ ဝယ်ဈေး၉၆၉ကျပ်ဖြင့် ဈေးအ ငြိမ်ဖြင့် ရောင်းဝယ်လျက်ရှိသည်။ပြင်ပငွေလဲစင်တာများတွင်လည်း ယခုတစ်ပတ် အတွင်းေ ရာ င်းဈေးကျပ်၉၇၃ ကျပ်၊၀ ယ်ဈေး ၉၇၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိေ ကြာင်း သိရ သည်။