Main menu

Background

ငွေလဲနှုန်းများ ပြန်လည်မြင့်တက်လာပုဂ္ဂလိကငွေလဲစင်တာများနှင့် ဘဏ်ငွေလဲစင်တာများ၏ဈေးနှုန်းများ ကွာဟလာ

Tue, 09/30/2014 - 13:16 -- ydnar

 

ယခုတစ်ပတ်အတွင်းအမေရိကန်ဒေါ်လာလဲလှယ်နှုန်းများသည်မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။ထိုသို့   မြင့်တက်လာခဲ့ရာတွင်ပြင်ပပုဂ္ဂလိက

ငွေလဲစင်တာများနှင့်ဘဏ်ငွေလဲစင်တာများ၏ဈေးနှုန်းများမှာ ကွာဟချက်များ ရှိလာသည်ကို တွေ့ရသည်။ ယင်းကဲ့သို့ ကွာဟရာတွင်ရောင်း ဈေးတွင် ကွာဟချက် ကျဉ်းမြောင်း သော်လည်း ဝယ်ဈေး တွင်မူကွာဟ ချက်များပြားသည်ကိုတွေ့ရသည်။ ရောင်းဈေး တွင် တစ်ကျပ်နှစ်ကျပ် ခန့်သာ ကွာဟသော်လည်း ဝယ်ဈေး တွင်မူ ငါးကျပ်မှ ခြောက်ကျပ်အထိ ကွာဟလာသည်ကို တွေ့ရသည်။
''ဈေးကွက်ထဲမှာဒေါ်လာတွေအဝယ်လိုက်နေတယ်။ အမေရိကန်ရဲ့ စီးပွားရေးအခြေအနေ ထုတ်ပြန်ချက်ေ တွကြော င့် စီးပွားရေး ကောင်းလာတဲ့အတွက် သူ့ရဲ့ဒေါ်လာတန်ဖိုးကခိုင်မာ လာတယ်။ ခုလိုချိန်မှာ ရွှေက လည်း ဈေးကျနေတဲ့ အတွက်ဒေါ်လာဘက်ကိုလှည့်လာကြတယ်။အဲဒါကြောင့် ဈေးကွက်ထဲမှာဒေါ်လာဝယ်တဲ့သူတွေများလာတယ်။ ဝယ်တဲ့ သူတွေများလာတဲ့အတွကဈေးကတက်လာတာပဲ။ အဓိကကတော့ အပြင်ဈေးကွက်ထဲမှာ ပိုများ လာတယ်။ ဘဏ်တွေ နဲ့ ကျွန်တော်တို့ စင်တာတွေနဲ့ကလည်း ဝယ်ဈေးမှာ ငါးကျပ်ခြောက်ကျပ်လောက်ကွာ နေတယ်။ ကျွန်တော်တို့အပြင်က လိုအပ်ချက်များ တော့ဘဏ်တွေထက် ဈေးပိုပေးရတာပါ"လို့ အနော်ရထာလမ်းပေါ်ရှိ ငွေလဲစင်တာတစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။
သိမ်ဖြူငွေလဲစင်တာတွင် စက်တင်ဘာလ ၁၅ရက်နေ့တွင် ရောင်းဈေး ၉၈၄ကျပ်၊ ဝယ်ဈေး ၉၇၆ ကျပ်ရှိခဲ့ပြီး စက်တင်ဘာလ၁၈ ရက် နေ့တွင် ရောင်းဈေး ၉၈၅ကျပ်၊ ဝယ်ဈေး ၉၇၈ကျပ်သို့ မြင့်တက်ခဲ့သည်။ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရောင်းဈေး ၉၈၇ကျပ်၊ ဝယ်ဈေး၉၈၀ ကျပ်သို့ ဆက်လက်မြင့် တက်ခဲ့သည်။
ပြင်ပငွေလဲစင်တာများတွင် စက် တင်ဘာလ ၁၅ရက်နေ့က ရောင်းဈေး ၉၈၃ကျပ်၊ ဝယ်ဈေး ၉၈၀ကျပ် ရှိခဲ့ သော်လည်းစက်တင်ဘာ လ ၁၈ရက် နေ့တွင် ရောင်းဈေး ၉၈၆ ကျပ်၊ ဝယ် ဈေး ၉၈၃ ကျပ်သို့ မြင့်တက်ခဲ့သည်။ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရောင်းဈေး ၉၉၀ ကျပ်၊ ဝယ်ဈေး ၉၈၆ ကျပ် သို့ ထပ်မံမြင့်တက်ခဲ့သည်။