Main menu

Background

ယခင်တစ်ပတ်ကဲ့သို့ အရောင်းအဝယ်သွက်နေဆဲဘိလပ်မြေ

Thu, 02/19/2015 - 16:49 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

 ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-
      ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၇ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေ လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ခြောက်သောင်းသုံးထောင်ကျော်ရှိခဲ့ တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် လေးသောင်း ခုနစ် ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန်ချိန် တစ်သောင်း ငါး ထောင့်နှစ်ရာကျော်အဝင်ပိုခဲ့တယ်လို့  သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် တစ်သောင်းသုံးထောင်ခုနစ်ရာကျော်ရှိခဲ့ပြီး ယခင် တစ်ပတ်အဝင်မှာ တန်ချိန်တစ်သောင်းခုနစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန် တစ်ထောင့်ခြောက်ရာခြောက်ဆယ်ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါ တယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှအဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှအဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။
ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-
     မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဒီတစ်ပတ်မှာ အရောင်းသွက်ပေမယ့် ဈေးအပြောင်းအလဲသိပ်မရှိဘူးလို့  သိရပါတယ်။  ဈေးကွက်ထဲမှာတော့ ယခင်တစ် ပတ်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။  ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးက ဆင်(ထိုင်း) ၅၁၀၀ ကျပ်၊ မြင်းခေါင်း ၄၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၆၅၀ ကျပ်၊ စိန် ၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
မကွေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာအရောင်းအဝယ် ပုံမှန်ရှိ တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့  ယခင်တစ်ပတ်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ အပါချီ ၅၃၀၀ ကျပ်၊မက်စ်(မြန်မာ) ၅၃၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၆၅၀ ကျပ်၊မြင်းခေါင်း ၅၂၀၀ ကျပ်၊ ဆင်(မြန်မာ)၄၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်း ဆိုင်မှ စုံစမ်းသိရှိရပါတယ်။
         ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက  ဒီတစ်ပတ်မှာ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိတယ်လို့  သိရပါတယ်။ အရောင်းအဝယ်ကောင်းပေမယ့်  ဆင်က ဈေး အနည်းငယ်ကျလာပြီး စိန်က ဈေးငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဈေး ကွက်ထဲ  အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ စိန် ၅၅၀၀ ကျပ်၊ ဆင် ၅၆၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ သိရှိရပါ တယ်။