Main menu

Background

ရွှေဘိုခရိုင်အတွင်း စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်

Thu, 03/12/2015 - 20:48 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၁၅ ခုနှစ် မတ်လ ၅ ရက်နေ့နှင့်  ၆ ရက်နေ့ များတွင် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့၊ ခင်ဦးမြို့၊ ရေဦးမြို့နှင့် တန့်ဆည်မြို့များ တွင် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းမှ ပညာပေးဟောပြောခြင်းကို သွားရောက်ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါဟောပြောပွဲများကို သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၏ စီစဉ်ဆောင်ရွက်ပေးမှု များဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန   အစည်းအဝေးခန်းမများ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။   တိုင်း ဦးစီးမှူးရုံးမှ ဦးသန်းထွန်း (ဒု-ဦးစီးမှူး)က စားသုံးသူများအတွက်    သတင်း အချက်အလက်      အရေးပါပုံကို လည်း ကောင်း၊ ဦးဋ္ဌေးတင့် (ဒု-ဦးစီးမှူး)က စားသုံးသူ      အကာအကွယ်ပေးရေး ဥပဒေနှင့် အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့၏ လုပ်ငန်းတာဝန်များကိုလည်း ကောင်း၊ ဒေါ်နှင်းနှင်းခိုင် (ဒု-ဦးစီးမှူး)က အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးက ရက်၊ ကွမ်းစားခြင်း များ၏ ဆိုးကျိုးများ ကိုလည်းကောင်း၊ ဒေါ်ကေသီအောင် (ကြီး/ရေး)က  မုန့်မျိုးစုံနှင့် အချိုရည် များအကြောင်းကို    လည်းကောင်း၊ ဦးကျော်လင်း (ကြီး/ ရေး)က အချိုမှုန့် အကြောင်းကို  လည်းကောင်း၊ ဦးကျော် တင့် (ကြီး/ရေး)က    စားသုံးဆီ အကြောင်းကိုလည်းကောင်း အသီးသီး ဟောပြောကြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်း ဦးစီးမှူးရုံးအနေဖြင့်    သုံးနှစ်အတွင်း ပညာပေးလုပ်ငန်းများ    အပြီးဆောင် ရွက်ရမည်ဟူသော ရည်မှန်းချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။ သို့အတွက်ကြောင့်လည်း ဟောပြောပွဲ ပေါင်း ၁၀၀  အထိ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။  ဝန်ထမ်းများ၏ စည်းလုံး ညီညွတ်မှု၊    တာဝန်သိမှု၊ ကြိုးစား အားထုတ်မှုတို့နှင့် ပေါင်းစပ်၍ ကျန်ရှိ နေသေးသော ခရိုင်၊ မြို့နယ်များသို့ လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။
ကေသီအောင် (စစ်ကိုင်း)